

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

(၄၉) နှစ်ရှိနေတာတောင် (၂၀) ကျော်အရွယ်ကအတိုင်း မပြောင်းလဲပဲ လှနေဆဲဆိုတာကို သက်သေပြလိုက်တဲ့ ခိုင်သင်းကြည်

မပွတ်ကျွတ်လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ဟာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နိုင်ပေမယ့် အပြင်လက်တွေ့က သူမရဲ့ပုံစံကတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး သွက်လက်သူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ပျိုလို့ကိုယ်နုတယ်ဆိုတဲ့ စကားနဲ့ ထပ်တူကျတဲ့ ခိုင်သင်းကြည်ဟာ အသက်အရွယ်တစ်ခုရောက်လာသည့်တိုင် ငယ်ငယ်က ပုံစံလေးအတိုင်း မပြောင်းလဲပဲ ရှိနေဆဲပါ။

ဒီတစ်ခေါက်မှာတော့ ခိုင်သင်းကြည်က သူမအသက် (၂၀) ကျော်တုန်းကပုံနဲ့ လက်ရှိ အသက် (၄၉) နှစ်အရွယ် ပုံနှစ်ခုကို ယှဉ်ပြပြီး Challenge ပြုလုပ်ထားပါတယ်။ ထိုပုံနှစ်ပုံက အနှစ်နှစ်ဆယ်ကျော်ကွာတယ်ဆိုပေမယ့် ခိုင်သင်းကြည်ရဲ့ မျက်နှာလေးကတော့ ငယ်ငယ်အတိုင်း ဘာမှ မပြောင်းလဲပါဘူး။

ခိုင်သင်းကြည်ကတော့ ရှေးဘဝကုသိုလ်ကံတစ်ခုကြောင့် ဒီအရွယ်ထိတိုင် အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အံ့သြဖွယ်ကောင်းလှတဲ့ ခိုင်သင်းကြည်ရဲ့ နုပျိုမှုကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Khine Thin Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!