ယူနီကုဒ်ဖြင့်ဖတ်ရန်
“မေလသံစဉ်ကိုယ်တိုင်ရေးစပ်ထားပြီး ကော်နီသီဆိုထားတဲ့ အိမ်မှာနေချင်တာပေါ့ သီချင်းသစ်လေးရဲ့ ဗီဒီယိုဖိုင်”
CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ မြန်မာသံစဉ်တွေကို သီဆိုလေ့ရှိသူ မေလသံစဉ်ကိုတော့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မေလသံစဉ်ကတော့ Cover songလေးတွေသီဆိုရင်း ပရိသတ်တွေရဲ့ ရင်ထဲထိရောက်စေတဲ့ အဆိုတော်တစ်လက်လို့ ပြောရင် မမှားလောက်ဘူးထင်ပါတယ်နော်။ မေလသံစဉ်လေးဟာဆိုရင် သီချင်းအသစ်တွေထွက်ရှိနိုင်အောင်လည်း ကြိုးစားနေသူတစ်ဦး ပဲဖြစ်ပါတယ်။
အခုကိုရိုနာဖြစ်ပွားနေချိန် အိမ်မှာနေရင်း သူမကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းလေးတွေရဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မေလသံစဉ်က “အိမ်မှာနေချင်တာပေါ့ သီချင်းလေးရဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းကတော့ အသက်စွန့််ကာ အလုပ်လုပ်နေရတဲ့ သူတွေအတွက် လေးစားဖွယ်ကောင်းတဲ့ သီချင်းလေးပဲဖြစ်တဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက်   မေလသံစဉ်ကိုယ်တိုင်ရေးသီချင်းလေးရဲ့  ဗီဒီယိုဖိုင်လေးကို    ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။   ပရိသတ်ကြီးကလည် း  မေလသံစဉ်ကို   ချစ်တယ်ဆိုရင်  မှတ်ချက်လေးတစ်ခုလောက်   ရေးပေးခဲ့ကြပါနော်။
Soure… May Melody’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!