“နေရာအနှဲံသွားကာ ကိုယ်တိုင်သွားကာ ကြိုတင်ကာကွယ်မှုနည်းတွေကို မျှဝေရင်းအလှူအတန်းပြုလုပ်ခဲ့တဲ့ ခင်ဝင့်ဝါရဲ့ဗီဒီယိုဖိုင်”


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“နေရာအနှံဲသွားကာ ကိုယ်တိုင်သွားကာ ကြိုတင်ကာကွယ်မှုနည်းတွေကို မျှဝေရင်းအလှူအတန်းပြုလုပ်ခဲ့တဲ့ ခင်ဝင့်ဝါရဲ့ဗီဒီယိုဖိုင်”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ ခင်ဝင့်ဝါနဲ့ ပရိသတ်တွေ ရင်းနှီးပြီးလောက်မယ်ထင်ပါတယ်။ ခင်ဝင့်ဝါလေးကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ဘာဘီရုပ်လေးလို မျက်နှာမျိုးလေးပိုင်ဆိုင်ထားတာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုအများဆုံးကို ရရှိထားတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

 

ခင်ဝင့်ဝါလေးကတော့ ကိုရိုနာအတွက် လိုအပ်နေတဲ့သူတွေကို ချွေးနှဲစာထဲက လှူဒါန်းတဲ့ မှတ်တမ်းပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ခင်ဝင့်ဝါလေးက”ကြိုတင်ကာကွယ်နိုင်တဲ့နည်းတွေလည်းမျှဝေရင်း ခေး တတ်အားသရွေ့ အလှူလေးပြုခဲ့ပါတယ်။ ချစ်ရတဲ့ပရိတ်သတ်များအားလုံးလည်းဒီရောဂါကိုအမြန်ဆုံးကျော်လွှားနိုင်ပါစေ လက်ဆေးဖို့မမေ့ကြနဲ့နော်” လို့ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်ရတဲ့ ပရိသတ်တွေအတွက် ကိုရိုနာရန်မှ ကာကွယ်တဲ့ နည်းလမ်းလေးတွေနဲ့ အလှူဒါန်းပြုလုပ်ခဲ့တဲ့အကြောင်းကို ဗီဒီယိုလေးရိုက်ကာ တင်ပေးလိုက်တာပါပဲနော်။

 

CeleConnections ပရိသတ်တွေအတွက်         ခင်ဝင့်ဝါလေးရဲ့ ဗီဒီယိုဖိုင်လေးကို         ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။      ပရိသတ်ကြီးကလည်း           ခင်ဝင့်ဝါလေးရဲ့ လမ်းညွှန်မှုနည်းလမ်းလေးတွေကို           လိုက်နာကြမယ်ထင်ပါတယ်။

Soure…Khin Wint Wah’s Facebook
Angella(CeleConnections)
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!