ယူနီကုဒ်ဖြင့်ဖတ်ရန်
အိမ်အပေါ်ဆုံးထပ်တက်ပြီး သားလေးနဲ့ နှစ်ယောက်တည်းပြောဖြစ်ခဲ့တဲ့ စကားတွေကို ပြောပြလာတဲ့ ခရစ္စတီးနားခီ
“ဥပါယ်တံမျဉ်”၊ “မုဒြာခေါ်သံ”၊ “ထာဝရနှောင်ကြိုး” စတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပုံဖော်ရိုက်ကူးတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကို ပရိသတ်အားလုံး ချစ်ခင်ကြမယ် ထင်ပါတယ်။ ခရစ္စတီးနားခီက မင်းသားချော ဇာဏ်ခီနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး တည်ဆောက်ထားပြီး ချစ်စရာ သားချောလေးတစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခရစ္စတီးနားခီက သားလေးနဲ့ စကားတွေ ပြောဖြစ်တဲ့အကြောင်းကို ပြေပြာထားပါတယ်။
“ကမ္ဘာကြီးဘာကြောင့် ရပ်တန့်သွားတယ်။ ဘာကြောင့်ကျောင်းတွေမသွားရ။ ကစားကွင်းမသွားရ။ ဘယ်သူနဲ့မှ မတွေ့ရတာ သူတို့လေးတွေ အလုံးစုံနားလည်ဖို့မလွယ်။ ဒါပေမယ့်ချစ်ခြင်းမေတ္တာတွေ ဆက်လက်ရှင်သန်တဲ့အရပ်မှာတော့ သူတို့လေးတွေပျော်မယ်ဆိုတာယုံကြည်မိတယ်။ (အပေါ်ဆုံးထပ်တက်ပြီး လေရူရင်း ကမ္ဘာကြီးရပ်တန့်ရတဲ့အကြောင်းရှင်းပြရင်း အမှတ်တရ)” ဆိုပြီး သားလေးနဲ့ အတူရှိခဲ့တဲ့ အခိုက်အတန့်လေးကို ပြောပြထားပါတယ်။
ခရစ္စတီးနားခီနဲ့ ဇာဏ်ခီကတော့ ပညာတတ်လူငယ်တွေပီပီ သားလေးကို အကောင်းဆုံး ပြုစုပျိုးထောင်ကြနိုင်သူမျာ ဖြစ်ကြပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Christina Kyi’s fb
Bilie – Cele Connections
error: Alert: Content is protected !!