

 

 


 


 

 

Source: Hlwan Paing’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်လာလည်တဲ့ ချစ်သူ Bobby Soxer ကို Surprise လုပ်ပြီး ဆေးကြီးကြီးထိုးခဲ့တဲ့ လွှမ်းပိုင်

Rap အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က မအောင်မြင်ခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ လက်တွဲလာတာ အခုဆိုရင် ချစ်သူသက်တမ်း (၁၀) နှစ်ကျော်တောင်ရှိပြီ ဖြစ်ပါတယ်။ ပကာသနကင်းပြီး ရိုးရှင်းလွန်းတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲကို ပရိသတ်တွေက လက်ထပ်စေချင်ပြီဖြစ်ပေမယ့် သူတို့နှစ်ယောက်ကတော့ လက်ထပ်ဖို့ကိစ္စကို အချိန်ယူစဉ်းစားနေပါသေးတယ်။

ဒီနေ့မှာတော့ လွှမ်းပိုင်က နှစ်သစ်ကူးချိန် အိမ်မှာနေရင်း ချစ်သူနဲ့အတူတူဆော့ကစားဖို့ Challenge လေးကို ပြုလုပ်ထားပါတယ်။ အဲ့ဒါကတော့ အိမ်လာလည်တဲ့ ချစ်သူ Bobby Soxer ကို Surprise လုပ်ပြီး ဆေးကြီးကြီးထိုးလိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်ရဲ့ ပျော်စရာကောင်းတဲ့ Challenge လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

လွှမ်းပိုင်ရဲ့ ဆေးအကြီးကြီးထိုးမှုကြောင့် B.Sox ခမျာ တော်တော်လေး စိတ်ကောက်သွားမယ် ထင်ပါတယ်။ လွှမ်းပိုင်က ပရိသတ်တွေအားလုံးကို ဒီ Challenge လေးပြုလုပ်ဖို့ စိန်ခေါ်ထားတာကြောင့် ပရိသတ်ကြီးကလည်း အိမ်မှာနေရင်း ချစ်သူနဲ့ အတူတူ ပျော်ရွှင်လို့ရပါတယ်နော်။

Source: Hlwan Paing’s fb
Bilie – Cele Connections

error: Alert: Content is protected !!