

 

 


 

 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“အိမ်မှာနေရင်း မတူညီစွာနဲ့ သောင်းကျန်းနေကြတဲ့ Rဇာနည်ရဲ့သားသားနှစ်ယောက်ဗီဒီယိုဖိုင်အသစ်လေး”

 

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ့်ထင်တဲ့ Rokkerသမားတစ်ယောက်ဖြစ်တဲ့ Rဇာနည်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ Rဇာနည်ကတော့ အသံပါဝါအားကောင်းပြီး သီချင်းဆိုမှုပိုင်းမှာလည်း ကျွမ်းကျင်တဲ့ အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့သီချင်းတော်တော်များများကတော့ ပရိသတ်တွေကြားမှာ အခုချိန်ထိကို အောင်မြင်နေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

 

Rဇာနည်ကတော့ အိမ်ထောင်မှုနိုင်နင်းတဲ့ ဇနီးချောလေးနဲ့ ဖစ်ဖစ်တုန် ချစ်ချစ်တုန်ဆိုတဲ့ သားနှစ်ယောက်တို့နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါ။ ချစ်စရာကောင်းတဲ့ သားနှစ်ယောက်တို့ရဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၁၁)ရက်နေ့မှာ Rဇာနည်က” ညီအစ်ကိုနှစ်ယောက် တစ်ယောက်တစ်မျိုးပါခင်ဗျာတဲ့ “လို့ဆိုကာ ချစ်စရာကောင်းတဲ့ သားသားတို့နှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

 

CeleConnectionsပရိသတ်တွေအတွက်   Rဇာနည်ရဲ့ သားသားနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို    ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း   သားသားနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကြည့်ပြီး     အူးယားနေမယ်ထင်ပါတယ်။

Soure… ZarNi Myo Nyunt’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!