


 

 


Source : Soe Pyae Thazin
ယူနီကုတ်ဖြင့်ဖတ်ရန်

“အိမ်မှာနေရင်း ပရိသတ်တွေအတွက် အဖေနဲ့စုံတွဲသီချင်းဆိုပြခဲ့တဲ့ စိုးပြည့်သဇင်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnectionsပရိသတ်ကြီးရေ စိုးပြည့်သဇင် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်ထဲက အသက်ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်နေပေမယ့် မာန်မာနကင်းပြီး ဘယ်အချိန်ကြည့်ကြည့် ပေါ့ပါးသွက်လက်နေတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

စိုးပြည့်ကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်းမှာကျရာဇာတ်ရုပ်ကိုပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကချီးကျးရတဲ့ထိပါပဲ။ ဟန်ဆောင်မှုကင်းပြီး ပရိသတ်တွေအပေါ်မှာ ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိတာဖြစ်ပြီး ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေပါ ချစ်ခင်အားပေးရတဲ့ သူလေးပါပဲနော်။

စိုးပြည့်လေးကတော့ အချစ်ရေးမှာအခုချိန်ထိနာမည်ပျက်မရှိဘဲ တစ်ယောက်Singleအနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေတာပါ။ ယခုဖြစ်ပွားနေတဲ့Civid 19နဲ့ပတ်သက်ပြီး သူမကိုယ်တိုင်လည်း အိမ်မှာနေကာ မိဘတွေနဲ့ အချိန်ကုန်လျက်ရှိပြီး လက်ရှိမှာလည်း ” Stay homeရင်းပျင်းလို့အဖေနဲ့စုံတွဲသီချင်းတစ်ပုဒ်ဆိုလိုက်တယ်….နားဆင်ပေးနော်”ဆိုတဲ့ စာလေးနဲ့ သူမဖေဖေကိုယ်တိုင်တီးကာ စုံတွဲသီဆိုခဲ့တာပါ။ ရုပ်လေးချောပြီး အဆိုပါကောင်းတဲ့ စိုးပြည့်လေးတင်မကဘဲ အဖေကလည်း အဆိုမှာမခေသူပါပဲနော် ။ CeleConnections ပရိသတ်ကြီးလည်း ပျော်စရာကောင်းတဲ့ စိုးပြည့်တို့မိသားစုလေးကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Soe Pyae Thazin
Candy – CeleConnections

error: Alert: Content is protected !!