” သူမကိုလြမ္းတိုင္း တစ္စံုတစ္ခုလုပ္ဖို႕ တိုက္တြန္းလိုက္တဲ့ ေနျခည္ဦး “

CeleConnections ပရိသတ္ႀကီးေရ ေနျခည္ဦးကေတာ့ေနျခည္ဦးဟာ ဇြဲေကာင္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ခ်စ္ခင္မႈေတြနဲ႔အတူ ေအာင္ျမင္မႈေတြ တစ္စထက္ တစ္စပိုတိုးလို႔ ရရွိေနၿပီဆိုတာအမွန္ပါပဲေနာ္။ Beauty Blogger တစ္ေယာက္အျဖစ္ လူသိမ်ားေက်ာ္ၾကားလာခဲ့ကာ ေယာက်ာ္းေလးပရိသတ္ေတြသာမကမိန္းကေလးပရိသတ္ေတြရဲ႕ ဝန္းရံမႈကိုပါ ရရွိေနသူတစ္ဦးပါ။

 

 

အၿမဲပြင့္လင္းလြန္းတဲ့သူမဟာ အခုခ်ိန္မွာေတာ့ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ေနၿပီျဖစ္တဲ့ မင္းသမီးသစ္ေလးတစ္လက္လည္း ျဖစ္ပါတယ္။သူမ ပထမဦးဆုံး ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ “ရန္သူ” ဇာတ္ကားမွာလည္း ဝါရင့္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ဝတ္မႈန္ေ႐ႊရည္နဲ႔အၿပိဳင္ အေကာင္းဆုံး သ႐ုပ္ေဆာင္ႏိုင္ခဲ့တာမို႔ ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈကို တခဲနက္ရရွိခဲ့ၿပီး ေနာက္ထပ္ဇာတ္ကားေတြမ်ားစြားလည္း႐ိုက္ကူးကာ အခ်ိန္တိုအတြင္းမွာ မင္းသမီးအျဖစ္ ပရိသတ္ေတြ တခဲနက္အားေပးခံေနရသူပါ။

 

 

လက္ရွိမွာ ျဖစ္ပြားလ်က္ရွိတဲ့ Covid 19 ေၾကာင့္ ခ်ီခ်ီတစ္ေယာက္လည္း အိမ္မွာပဲ ေနကာ အခ်ိန္ေတြကို ျဖတ္သန္းေနေၾကာင္း သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေျပာျပခဲ့ကာ တိုက္တြန္းခဲ့တာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း ” သတိရတိုင္း အခ်ိန္ရတိုင္း ေနျခည့္ကိုလြမ္းေနတိုင္းလက္ကိုဆပ္ျပာနဲ႔ အနည္းဆုံး စကၠန္႔ (၂၀) ၾကာေအာင္နည္းမွန္မွန္ေလး ေဆးၿပီး COVID19 ေရာဂါကိုအထိေရာက္ဆုံးနဲ႔ အ႐ိုးရွင္းဆုံး ကာကြယ္ၾကရေအာင္။” ဆိုတဲ့ စာေလးနဲ႕ ပရိသတ္ေတြကို သတိေပးစကားေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းတဲ့ ခ်ီခ်ီရဲ႕တိုက္တြန္းစကားေလးကို သိေအာင္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

 

 

Source : NayChiOo
Candy CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” သူမကိုလွမ်းတိုင်း တစ်စုံတစ်ခုလုပ်ဖို့ တိုက်တွန်းလိုက်တဲ့ နေခြည်ဦး ”

CeleConnections ပရိသတ်ကြီးရေ နေခြည်ဦးကတော့နေခြည်ဦးဟာ ဇွဲကောင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်ချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေ တစ်စထက် တစ်စပိုတိုးလို့ ရရှိနေပြီဆိုတာအမှန်ပါပဲနော်။ Beauty Blogger တစ်ယောက်အဖြစ် လူသိများကျော်ကြားလာခဲ့ကာ ယောကျာ်းလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံမှုကိုပါ ရရှိနေသူတစ်ဦးပါ။

အမြဲပွင့်လင်းလွန်းတဲ့သူမဟာ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးသစ်လေးတစ်လက်လည်း ဖြစ်ပါတယ်။သူမ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ရန်သူ” ဇာတ်ကားမှာလည်း ဝါရင့်သရုပ်ဆောင် မင်းသမီးချော ဝတ်မှုန်ရွှေရည်နဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို တခဲနက်ရရှိခဲ့ပြီး နောက်ထပ်ဇာတ်ကားတွေများစွားလည်းရိုက်ကူးကာ အချိန်တိုအတွင်းမှာ မင်းသမီးအဖြစ် ပရိသတ်တွေ တခဲနက်အားပေးခံနေရသူပါ။

လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့ Covid 19 ကြောင့် ချီချီတစ်ယောက်လည်း အိမ်မှာပဲ နေကာ အချိန်တွေကို ဖြတ်သန်းနေကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောပြခဲ့ကာ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ” သတိရတိုင်း အချိန်ရတိုင်း နေခြည့်ကိုလွမ်းနေတိုင်းလက်ကိုဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင်နည်းမှန်မှန်လေး ဆေးပြီး COVID19 ရောဂါကိုအထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး ကာကွယ်ကြရအောင်။” ဆိုတဲ့ စာလေးနဲ့ ပရိသတ်တွေကို သတိပေးစကားပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ချီချီရဲ့တိုက်တွန်းစကားလေးကို သိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : NayChiOo
Candy CeleConnections

 

error: Alert: Content is protected !!