

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

လူကြီးပီပီ တိုလီမုတ်စကအစ သိမ်းဆည်းတတ်တဲ့ ဖွားဖွားကြီးကို စနောက်ကျီဆယ်နေတဲ့ စမိုင်းလ်ရဲ့ ဗီဒီယို

စမိုင်းလ်ကတော့ ငယ်စဉ်ကတည်းက မိဘမရှိသူပီပီ ဖွားဖွားကြီး ဒေါ်ခင်လေးဆွေနဲ့အတူတူ ကြီးပြင်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ဖွားဖွားကြီးဒေါ်ခင်လေးဆွေကို အိမ်ဦးခန်းမှာထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အရမ်းကို ရင်းနှီးချစ်ခင်လွန်းတဲ့ စမိုင်းလ်နဲ့ ဖွားဖွားကြီးဒေါ်ခင်လေးဆွေရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားကြပါတယ်။

ဒီနေ့မှာတော့ စမိုင်းလ်က ဖွားဖွားကြီးဒေါ်ခင်လေးဆွေရဲ့အခန်း အမြဲတမ်း ရှုပ်ပွနေတဲ့အကြောင်းကို ပြသခဲ့ပါတယ်။ လူကြီးပီပီ တိုလီမုတ်စကအစ သိမ်းဆည်းတတ်တဲ့ ဒေါ်ခင်လေးဆွေကို စနောက်ကျီစယ်ပြီး Live လွှင့်ခဲ့တာကို မျှဝေပေးလိုက်ပါတယ်။

စမိုင်းလ်ကတော့ ဖွားဖွားကြီး ဒေါ်ခင်လေးဆွေ စိတ်ညစ်ရအောင် အမြဲတမ်း စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါ်ခင်လေးဆွေနဲ့ စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: စမိုင်းလ် smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!