Source: Yone Lay ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
လူဆိုတာ စိတ်နဲ့ပဲဆိုင်ကြောင်း Rap ကျားကြီး၊ ကယားလေးနဲ့ Min Z တို့နဲ့ သက်သေပြခဲ့တဲ့ ယုန်လေး
အဆိုတော်၊ ဒါရိုက်တာ ယုန်လေးဟာ သူတတ်နိုင်သမျှ လူမှုကူညီရေးအလုပ်တွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ သရုပ်ဆောင်မင်းရာဇာအိမ်က အိမ်အကူမိန်းကလေးကိုလည်း ဆေးကုသစရိတ်ကအစ ကူညီထောက်ပေ့ပေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။ တချို့သော လူတွေက အနုပညာရှင်တိုင်း၊ ရွက်ပုန်းသီးတိုင်းကို မကောင်းမြင်နေကြပေမယ့် ယုန်လေးက လူဆိုတာ စိတ်နဲ့ပဲဆိုင်ကြောင်း Rap ကျားကြီး၊ ကယားလေးနဲ့ Min Z တို့နဲ့ သက်သေပြခဲ့ပါတယ်။
“လူဆိုတာ စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ဆေးရုံတက်နေရတဲ့ အိမ်အကူ ညီမလေးကို ကူမယ့် Post တင်တယ်။ သူတို့ တက်နိုင်သလောက် ကူချင်တယ်ပေါ့။ အများကြီး မတတ်နိုင်တော့ သူတို့ အားငယ်တယ်။ နည်းတာ များတာက အဓိက မှမဟုတ်တာ။ ကျွန်တော်စိတ်ထဲ လည်း မကောင်းဘူး။ ပီတိလည်း အရမ်းဖြစ်တယ်။”
“Rap Skill တွေ ဘာတွေက နောက်မှ . ကျွန်တော်ကူညီလိုက်တဲ့ညီလေးတွေက ကျွန်တော်လို စိတ်တွေပဲ။ ကယားလေး နဲ့ ကျားကြီးက တစ်ယောက် ၁သောင်း။ Min Z ညီလေးက ၇ ထောင်။ တကယ်ဝမ်းသာတယ်။ သူတို့လေးတွေမှာ အဲ့စိတ်တွေရှိနေတာကို။ ညီလေးတို့ တွေလည်း ဒီထက်လေ့လာပြီး အနုပညာလမ်းကြောင်းမှာ အောင်မြင်ပါစေကွာ။” ဆိုပြီး ယုန်လေးက ပီတိတွေနဲ့ ပြောထားပါတယ်။
ယုန်လေးက Rap ကျားကြီး၊ ကယားလေးနဲ့ Min Z တို့ကိုလည်း အနုပညာလောကထဲ လက်တွဲခေါ်ဆောင်ပေးခဲ့တာဖြစ်ပြီး ညီအစ်ကိုအရင်းတွေလို ဆက်ဆံသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စေတနာကောင်းတဲ့ Rap ကျားကြီး၊ ကယားလေးနဲ့ Min Z တို့ကို သာဓုခေါ်ပေးကြပါဦးနော်။
Source: Yone Lay ‘s fb
Bilie – Cele Connections
error: Alert: Content is protected !!