

 

 


 


 

 

Source: Phway Phway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

လတ်တလောနာမည်ကြီးနေတဲ့ Dalgona Coffee Challange လေးကို စမ်းသပ်ဖျော်ပြခဲ့တဲ့ ဖွေးဖွေး

မင်းသမီးချောလေး ဖွေးဖွေးက လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူမရဲ့ အနုပညာအလုပ်တွေ အားလုံးကို ရပ်နားထားပြီး အိမ်မှာပဲ အနားယူနေတာ ဖြစ်ပါတယ်။ ဖွေးဖွေးက အိမ်မှာနေတဲ့ ကာလပတ်လုံး ပရိသတ်တွေလည်း အပျင်းပြေ၊ သူမလည်း အပျင်းပြေရအောင် ဗီဒီယိုလေးတွေ၊ Tik Tok လေးတွေရိုက်ပြီး တင်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ဖွေးဖွေးက လတ်တလော ဖေ့စ်ဘုတ်မှာ နာမည်ကြီးနေတဲ့ Dalgona Coffee လေးကို သူမကိုယ်တိုင် စမ်းသပ်ပြီး ဖျော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ အိမ်မှာနေရင်းပုံစံလေးကိုက ချစ်စရာကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း အိမ်မှာနေရင်း ဖွေးဖွေးရဲ့ Dalgona Coffee Challenge လေးကို လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!