

 

 


 

 


 

Source: Nansu Yati Soe
ယူနီကုတ်ဖြင့်ဖတ်ရန်

” ရိုမန့်တစ်ဆန်ဆန်လက်ဆောင်လေးတွေကို ချစ်သူဆီကရရှိခဲ့တဲ့ နန်းဆုရတီစိုး ”

CeleConnectionsပရိသတ်ကြီးရေ နန်းဆုရတီစိုးကတော့ ရှမ်းတရုတ်ကပြားမလေးဆိုတာ အထူးတလည်ပြောပြစရာမလိုလောက်ပါဘူးနော်။သူမကတော့ သရုပ်ဆောင်မင်းသမီးလည်းဖြစ်သလို အဆိုပိုင်းမှာလည်းအောင်မြင်တဲ့ သူတစ်ယောက်ဆိုတာ မှားမယ်မထင်ပါဘူးနော် ။

ဆယ်စုတစ်တစ်ခုအကြာထဲက ” မေမေဆူလိမ့်မယ် ” သီချင်းနဲ့ ပရိသတ်တွေရင်ထဲနေရာယူထားတဲ့သူမကတော့ နှစ်အတော်ကြာအနုပညာခြေလှမ်းတွေကျဲသွားပြီးတဲ့နောက် ” ရူးအောင်ချစ်ရသူ ” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလောက်တဲ့ထိ အောင်မြင်ခဲ့တာပါ။ လက်ရှိမှာလည်း သီချင်းအသစ် Music Video တွေ ဆက်တိုက်ထွက်ရှိကာ ပရိသတ်တွေကြားမှာ အပြောများနေတဲ့ အနုပညာရှင်တစ်ဦးလို့တောင် ဆိုရမှာပါ။

နိုင်ငံကျော်အဆိုတော် G Fattနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးတဲ့နောက်မှာ ဝေဖန်မှုတော်တော်များများကို ခံခဲ့ရသူပါ။ လမ်းခွဲ ပြတ်စဲပီးအချိန်တော်တော်ကြာပြီဖြစ်တဲ့ နန်းဆုတစ်ယောက် ချစ်သူအသစ်ရရှိကြောင်းပရိသတ်တွေကို ချပြခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချစ်သူ ကောင်လေးဆီက ရိုမန့်တစ်ဆန်ဆန် ကိတ်လေးနဲ့ ပန်းစည်းလေးရရှိခဲ့ကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာMy Day မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော နန်းဆုကတော့ ချစ်သူကဘဘယ်သူလဲဆိုတာ ချပြထားခြင်မရှိပေမယ့် အနုပညာရှင်ထဲကလားဆိုတာ ထင်မြင်ချက်လေးပေးခဲ့ပါဦးနော်။

Source: Nansu Yati Soe
Candy -CeleConnections

error: Alert: Content is protected !!