ရုပ်ရှင်ထဲမှာ မု- ဒိန်းကောင်နေရာကနေ သရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ အိမ်အကူမလေးအတွက် ကူညီလှူဒါန်းပေးခဲ့တဲ့ နိုင်လူ

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေထဲမှာ လူကြမ်း၊ မု- ဒိန်းကောင် စတဲ့ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ပို့သရုပ်ဆောင်နိုင်လူကို အားလုံးသိကြမယ် ထင်ပါတယ်။

လူကြမ်းကြီးပေမယ့် လက်တွေ့ဘဝမှာတော့ စိတ်ရင်းကောင်းတဲ့ နိုင်လူက ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မင်းရာဇာအိမ်က အိမ်အကူမိန်းကလေးအတွက် လိုအပ်တာတွေ လှူဒါန်းပေးရင်း သူ့ရဲ့ ရင်တွင်းခံစားချက်အချို့ကို အခုလိုပဲ ပြောပြလာပါတယ်။

 

 

“စားစရာမပြည့်​စုံ​ပေမဲ့ အ​ခြေခံလူတန်းစားအတွက်​ရပ်​တည်​မည်​။ ငါ့သမီး​လေးဆိုရင်​​ရော၊ အနှိမ်​ခံလူတန်းစားများ၏ဘဝ လူလိုသိသည့်​စိတ်​ဓာတ်​ဖြင့်​ အက်​စစ်​နှင့်​ပက်​ခံရသည့်​သူတစ်​​ယောက်​ ကိုယ်​ချင်းစာကြည့်​ပါ။ သူ့​နေရာမှာငါဆိုလျှင်​​ရောဆိုသည့်​စိတ်​ဓာတ်​ဖြင် မရှိသည့်​အထဲမှ​ အက်​စစ်​နှင့်​အပက်​ခံရ၍ အတွင်းလူနာအဖြစ်​အသက်​၁၅နှစ်​မပြည့်​သည့်​သု့မိဘ​နေရာမိမိသားသမီးဆိုလျှင်​ဘယ်​လိုခံစား၍အပြစ်​​ပြောမည်​လဲ”

 

 

“လူယုတ်​မာမု -ဒိန်း​ကောင်​နိုင်​လူ ရုပ်​ရှင်​တွင်​ မိုက်​ရိုင်းယုတ်​မာသည်​။ အပြင်​တွင်​​ ခွေး​သေး​သေး​လေး​တောင်​​ကြောက်​တတ်​သည်​။ အက်​စစ်​နှင့်​ပတ်ခံရပြီး ​​မြောက်​ဥက္ကလာ​ဆေးရုံတွင်​ အတွင်းလူနာအဖြစ်​ခံယူ​နေရသည့်​မိန်းက​လေးအ​မေထံသို့ သွား​ရောက်​ကူညီခဲ့သည်​။ မိန်းက​လေးများ၏ဘဝအနိပ်စက်ခံ​​သားမဆန်​သည့်​လုပ်​ရပ်​များ ပ​ပျောက်​ပါ​စေ။” ဆိုပြီး ပြောထားပါတယ်။

 

 

နိုင်လူကတော့ သူကိုယ်တိုင် သမီးမိန်းကလေး မွေးထွားတဲ့ ဖခင်တစ်ယောက်မို့ အိမ်အကူမိန်းကလေးအတွက် မရှိတဲ့ကြားကနေ သွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ လူကြမ်းပေမယ့် စိတ်ရင်းကောင်းတဲ့ နိုင်လူတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ပါစေနော်။

 

 

Source: Naing Lu’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်

error: Alert: Content is protected !!