မုဒံုျမိဳ့နယ္က အိမ္ေထာင္စု (၈၇၄၇) စုအတြက္ အဝတ္ Mask (၆၅) သိန္းေက်ာ္ဖိုး လွဴူဒါန္းသြားမယ့္ ေခတ္သစ္ေဖာင္ေဒးရွင္း

ခ်စ္သုေဝနဲ့ လင္းလင္းတို့ တည္ေထာင္ထားတဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းဟာ အလွဴရွင္ေတြအားလံုးရဲ့   တက္ညီလက္ညီ ပါဝင္လွဴဒါန္းမႈနဲ့ Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္မ်ားကို ထိထိေရာက္ေရာက္ လွဴဒါန္းေနတာ ျဖစ္ပါတယ္။ ေခတ္သစ္ေဖာင္ေဒးရွင္းရဲ့ Founder တစ္ဦးျဖစ္သူ ခ်စ္သုေဝကလည္း အေျခခံ လူတန္းစားေတြအတြက္ အဝတ္ Mask ေတြ လွဴဒါန္းသြားေပးမယ့္အေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္။

“မုဒုံၿမိဳ႕ရဲ႕ ​​​ေမတၱာစံအိမ္မိသားစုက က်န္းမာေရးဝန္ႀကီးဌာနနဲ႔ အေမရိကန္ CDC က ထုတ္ျပန္တဲ့   ၫႊန္ၾကားခ်က္အတိုင္း ျပန္ေလွ်ာ္ဖြတ္ၿပီး သုံးလို႔ရတဲ့ mask ေတြကို စထုတ္လုပ္ေနပါတယ္။ ရပ္႐ြာထဲက သူေတြရယ္၊ မုဒုံအိမ္တြင္းမႈ သိပၸံေက်ာင္းက သူေတြရယ္ ေပါင္းၿပီး အင္တိုက္အားတိုက္ ဝိုင္းလုပ္ေနၾကတာပါ။ မုဒုံၿမိဳ႕နဲ႔ ႐ြာအားလုံးမွာ ႏိုင္ငံေတာ္ အစီအစဥ္နဲ႔ ေထာက္ပံ့မယ့္ အေျခခံ အိမ္ေထာင္စု ၈၇၄၇ ရွိတယ္လို႔ သိရပါတယ္။အိမ္ေထာင္စု တစ္ခုကို ၃ ဦးႏႈန္းနဲ႔ တြက္ရင္ ၂၆၂၄၁ ဦးျဖစ္ပါတယ္။”

“ပုံမွန္ဝင္ေငြ မရွိသူ အေျခခံ လူဦးေရ ၂၆၂၄၁ ဦးအားလုံးအတြက္ reusable mask ၂၆၂၄၁ ခုကို အခမဲ့ ကူညီေထာက္ပံ့ဖို႔ ေခတ္သစ္ေဖာင္ေဒးရွင္းက (၂၆၂၄၁ ခု x ၂၅၀ က်ပ္) = ၆,၅၆၀,၂၅၀ (၆၅ သိန္းေက်ာ္) ကို လႉဒါန္းသြားမွာျဖစ္ပါတယ္။”

“ဒီလႉဒါန္းမႈ​ေလးဟာ အိမ္တြင္းအ​ေသးစား လုပ္ငန္း​ေလး​ေတြကို အား​ေပးဖန္တီး​ေပးရာလည္းျဖစ္သလို   ဒီ​ေရာဂါကပ္ဆိုးကာကြယ္မႈမွာတကယ္လိုအပ္တဲ့ cloth mask(အဝတ္ ပါးစပ္ႏွင့္ႏွာ​ေခါင္းစည္း) မ်ားကို လိုအပ္တဲ့မိသားစု​ေတြအၿမဲအသုံးျပဳႏိုင္ဖို႔ လႉဒါန္းၿပီးးသားလည္းျဖစ္ပါတယ္။ အလွဴရွင္မ်ားအားလုံးသာဓု​ေခၚဆိုႏိုင္ပါ​ေစရွင္။” ဆိုျပီး ေျပာျပထားပါတယ္။ ပရိသတ္ၾကီးလည္း ခ်စ္သုေဝနဲ့ အလွဴရွင္ေတြအားလံုးရဲ့ ကုသိုလ္ေလးကို သာဓုေခၚေပးၾကပါဦးေနာ္။

Source: Chit Thu Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မုဒုံမြို့နယ်က အိမ်ထောင်စု (၈၇၄၇)စုအတွက် အဝတ် Mask (၆၅) သိန်းကျော်ဖိုး လှူူဒါန်းသွားမယ့် ခေတ်သစ်ဖောင်ဒေးရှင်း

ချစ်သုဝေနဲ့ လင်းလင်းတို့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းဟာ အလှူရှင်တွေအားလုံးရဲ့ တက်ညီလက်ညီ ပါဝင်လှူဒါန်းမှုနဲ့ Covid-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် လှူဒါန်းနေတာ ဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ Founder တစ်ဦးဖြစ်သူ ချစ်သုဝေကလည်း အခြေခံလူတန်းစားတွေအတွက် အဝတ် Mask တွေ လှူဒါန်းသွားပေးမယ့်အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။

“မုဒုံမြို့ရဲ့ မေတ္တာစံအိမ်မိသားစုက ကျန်းမာရေးဝန်ကြီးဌာနနဲ့ အမေရိကန် CDC က ထုတ်ပြန်တဲ့ ညွှန်ကြားချက်အတိုင်း ပြန်လျှော်ဖွတ်ပြီး သုံးလို့ရတဲ့ mask တွေကို စထုတ်လုပ်နေပါတယ်။ ရပ်ရွာထဲက သူတွေရယ်၊ မုဒုံအိမ်တွင်းမှု သိပ္ပံကျောင်းက သူတွေရယ် ပေါင်းပြီး အင်တိုက်အားတိုက် ဝိုင်းလုပ်နေကြတာပါ။ မုဒုံမြို့နဲ့ ရွာအားလုံးမှာ နိုင်ငံတော် အစီအစဉ်နဲ့ ထောက်ပံ့မယ့် အခြေခံ အိမ်ထောင်စု ၈၇၄၇ ရှိတယ်လို့ သိရပါတယ်။အိမ်ထောင်စု တစ်ခုကို ၃ ဦးနှုန်းနဲ့ တွက်ရင် ၂၆၂၄၁ ဦးဖြစ်ပါတယ်။”

“ပုံမှန်ဝင်ငွေ မရှိသူ အခြေခံ လူဦးရေ ၂၆၂၄၁ ဦးအားလုံးအတွက် reusable mask ၂၆၂၄၁ ခုကို အခမဲ့ ကူညီထောက်ပံ့ဖို့ ခေတ်သစ်ဖောင်ဒေးရှင်းက (၂၆၂၄၁ ခု x ၂၅၀ ကျပ်) = ၆,၅၆၀,၂၅၀ (၆၅ သိန်းကျော်) ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။”

“ဒီလှူဒါန်းမှုလေးဟာ အိမ်တွင်းအသေးစား လုပ်ငန်းလေးတွေကို အားပေးဖန်တီးပေးရာလည်းဖြစ်သလို ဒီရောဂါကပ်ဆိုးကာကွယ်မှုမှာတကယ်လိုအပ်တဲ့ cloth mask(အဝတ် ပါးစပ်နှင့်နှာခေါင်းစည်း) များကို လိုအပ်တဲ့မိသားစုတွေအမြဲအသုံးပြုနိုင်ဖို့ လှူဒါန်းပြီးးသားလည်းဖြစ်ပါတယ်။ အလှူရှင်များအားလုံးသာဓုခေါ်ဆိုနိုင်ပါစေရှင်။” ဆိုပြီး ပြောပြထားပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေနဲ့ အလှူရှင်တွေအားလုံးရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!