မင္းရာဇာရဲ့ အိမ္အကူမိန္းကေလးကိစၥကို ဝင္မပါဘူးဆံုးျဖတ္ထားျပီးမွ မိန္းကေလးရဲ့ အျဖစ္ကိုၾကားရတာေၾကာင့္ ကူညီသြားမယ္ဆိုတဲ့ ယုန္ေလး

ယုန္ေလးဟာ သရုပ္ေဆာင္၊ အဆိုေတာ္၊ ဒါရိုက္တာ စတဲ့ အနုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနတဲ့အျပင္ လူမႈကူညီေရးမွာလည္း လက္မေနွးသူတစ္ေယာက္ ျဖစ္ပါတယ္။ အခုလက္ရိွျဖစ္ပြားတဲ့ မင္းရာဇာရဲ့ အိမ္အကူမိန္းကေလး ကိစၥမွာလည္း သူ့အေနနဲ့ ဝင္မပါဘူးလို့ ဆံုးျဖတ္ထားကာမွ မိန္းကေလးရဲ့အေၾကာင္းေတြ သိရတဲ့အတြက္ ကူညီလွဴဒါန္းမႈေတြ ျပဳလုပ္သြားမယ့္အေၾကာင္းကို ေျပာျပထားပါတယ္။

 

“ဒီကိစၥကို စိတ္မေကာင္းျဖစ္တယ္။ ကိုယ္ခ်င္းစာေတာ့ ေဒါသျဖစ္တယ္။ တစ္ေန႔က အစ္မတစ္ေယာက္ ph ဆက္ေျပာတဲ့ အထိ ကြ်န္ေတာ္ဝင္ မပါခ်င္ဘူး အစ္မလို႔ေျပာၿပီးမွ ၾကည့္ရက္စရာမရိွတဲ့ ဓာတ္ပံုေလးေတြ ေတြ႕တယ္။ ဆက္မၾကည့္ႏိုင္ပါဘူး။ ဒီေန႔ သတင္းေလး ထပ္ၾကားတာ အဲ့ညီမေလး ရဲ႕မိဘေတြ ေငြအင္းအားရိွသေလာက္ေလးနဲ႔ ေဆးတက္ကုေနရတာၾကားေတာ့ ေတာ္ေတာ္စိတ္မေကာင္းျဖစ္မိတယ္။”

 

 

“တစ္ခ်ိဳ႕ေတြကလည္း အႏုပညာရွင္ေတြ ဘာျဖစ္တယ္ ညာျဖစ္တယ္ေပါ့။ အႏုပညာရွင္ဆိုတာ နဲ႔ မဆိုင္ပါဘူး ခင္မ်ား။ လူနဲ႔ပဲ ဆိုင္ပါတယ္။ က်န္တာေတာ့ ဘာမွမေျပာခ်င္ပါဘူး ။ေျပာစရာစကားကို မရိွတာပါ ဒီျဖစ္ရပ္က။ ခ်ိဳ႕တဲ့ၿပီဆိုထဲက သိမ္ငယ္စိတ္ အားငယ္စိတ္ေတြရိွပါတယ္။ အဲ့ဒါေတြကို ကိုယ္ခ်င္းစာစိတ္ေတြ ရိွရင္ ဒါေတြမျဖစ္ပါဘူး။ မနက္ျဖန္ စံုစမ္းၿပီး ဒီညီမေလးကို တက္ႏိုင္သေလာက္သြားကူပါမယ္။ ေဆးကုသမူ႔နဲ႔ ေဆးရံုက က်န္းက်န္းမာမာျဖစ္ၿပီးဆင္းၿပီး ဘဝ သစ္တစ္ခုမွာ အဆင္ေျပဖို႔ အတြက္ ကြ်န္ေတာ္တက္ႏိုင္သေလာက္သြားကူပါမယ္။ ဝင္ေငြေတြ မရိွေပမယ့္လည္း ကူခ်င္လို႔ပါ။ ခ်စ္ညီအစ္ကို ေမာင္ႏွစ္မမ်ားလည္း ဝိုင္းကူေပးေစခ်င္ပါတယ္။” ဆိုျပီး ေျပာထားပါတယ္။

 

 

ယုန္ေလးကေတာ့ သူ့အေနနဲ့ ဝင္မပါဘူးလို့ ဆံုးျဖတ္ထားျပီးမွ သူ့ရဲ့ ကူညီတတ္တဲ့ စိတ္ထားကေတာ့ မိန္းကေလးကို ကူညီဖို့ အရမ္းထက္သန္ေနတာပဲ ျဖစ္ပါတယ္။ မိန္းကေလးလည္း ခံစားေနရတဲ့ ေဝဒနာေတြ အျမန္ဆံုး သက္သာေပ်ာက္ကင္းပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

 

 

Source: Yone Lay’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းရာဇာရဲ့ အိမ်အကူမိန်းကလေးကိစ္စကို ဝင်မပါဘူးဆုံးဖြတ်ထားပြီးမှ မိန်းကလေးရဲ့ အဖြစ်ကိုကြားရတာကြောင့် ကူညီသွားမယ်ဆိုတဲ့ ယုန်လေး

ယုန်လေးဟာ သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ စတဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အပြင် လူမှုကူညီရေးမှာလည်း လက်မနှေးသူတစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိဖြစ်ပွားတဲ့ မင်းရာဇာရဲ့ အိမ်အကူမိန်းကလေး ကိစ္စမှာလည်း သူ့အနေနဲ့ ဝင်မပါဘူးလို့ ဆုံးဖြတ်ထားကာမှ မိန်းကလေးရဲ့အကြောင်းတွေ သိရတဲ့အတွက် ကူညီလှူဒါန်းမှုတွေ ပြုလုပ်သွားမယ့်အကြောင်းကို ပြောပြထားပါတယ်။

“ဒီကိစ္စကို စိတ်မကောင်းဖြစ်တယ်။ ကိုယ်ချင်းစာတော့ ဒေါသဖြစ်တယ်။ တစ်နေ့က အစ်မတစ်ယောက် ph ဆက်ပြောတဲ့ အထိ ကျွန်တော်ဝင် မပါချင်ဘူး အစ်မလို့ပြောပြီးမှ ကြည့်ရက်စရာမရှိတဲ့ ဓာတ်ပုံလေးတွေ တွေ့တယ်။ ဆက်မကြည့်နိုင်ပါဘူး။ ဒီနေ့ သတင်းလေး ထပ်ကြားတာ အဲ့ညီမလေး ရဲ့မိဘတွေ ငွေအင်းအားရှိသလောက်လေးနဲ့ ဆေးတက်ကုနေရတာကြားတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။”

“တစ်ချို့တွေကလည်း အနုပညာရှင်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ အနုပညာရှင်ဆိုတာ နဲ့ မဆိုင်ပါဘူး ခင်များ။ လူနဲ့ပဲ ဆိုင်ပါတယ်။ ကျန်တာတော့ ဘာမှမပြောချင်ပါဘူး ။ပြောစရာစကားကို မရှိတာပါ ဒီဖြစ်ရပ်က။ ချို့တဲ့ပြီဆိုထဲက သိမ်ငယ်စိတ် အားငယ်စိတ်တွေရှိပါတယ်။ အဲ့ဒါတွေကို ကိုယ်ချင်းစာစိတ်တွေ ရှိရင် ဒါတွေမဖြစ်ပါဘူး။ မနက်ဖြန် စုံစမ်းပြီး ဒီညီမလေးကို တက်နိုင်သလောက်သွားကူပါမယ်။ ဆေးကုသမူ့နဲ့ ဆေးရုံက ကျန်းကျန်းမာမာဖြစ်ပြီးဆင်းပြီး ဘဝ သစ်တစ်ခုမှာ အဆင်ပြေဖို့ အတွက် ကျွန်တော်တက်နိုင်သလောက်သွားကူပါမယ်။ ဝင်ငွေတွေ မရှိပေမယ့်လည်း ကူချင်လို့ပါ။ ချစ်ညီအစ်ကို မောင်နှစ်မများလည်း ဝိုင်းကူပေးစေချင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

ယုန်လေးကတော့ သူ့အနေနဲ့ ဝင်မပါဘူးလို့ ဆုံးဖြတ်ထားပြီးမှ သူ့ရဲ့ ကူညီတတ်တဲ့ စိတ်ထားကတော့ မိန်းကလေးကို ကူညီဖို့ အရမ်းထက်သန်နေတာပဲ ဖြစ်ပါတယ်။ မိန်းကလေးလည်း ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Yone Lay’s fb
Bilie – Cele Connections

error: Alert: Content is protected !!