” ဘဝမွာ ဂုဏ္ယူလို႕မဆံုးျဖစ္ရတဲ့ အေၾကာင္းေလးကို ရင္ဖြင့္လာတဲ့ ဟန္ေလး “

CeleConnections ပရိသတ္ႀကီေရ ေမာ္ဒယ္လမ္းေၾကာင္းေပၚက တဆင့္ သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာတဲ့ဟန္ေလးကေတာ့ ေယာက်ာ္းေလးပရိသတ္ေတြ အခိုင္အမာရရွိထားတဲ့ ရွမ္းတိုင္းရင္းသူေလးတစ္ဦးပဲ ျဖစ္ပါတယ္။ MTV မ်ားစြာ႐ိုက္ကူးထားတဲ့ သူတစ္ေယာက္လည္းျဖစ္ၿပီး လွပေက်ာ့ရွင္းတဲ့ အလွကိုပိုင္ဆိုင္ထားၿပီး စကားသံဝဲတဲတဲေလးနဲ႔ ပရိသတ္ကိုဆြဲေဆာင္ထားႏိုင္သူေလး ျဖစ္ပါတယ္။

 

 

ဟန္ေလးကေတာ့ အခုေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္အလုပ္ကိုပဲပိုၿပီး ဝါသနာပါတာျဖစ္တာမို႔ ကာ႐ိုက္တာတိုင္းကို လက္ ခံၿပီး ႐ိုက္ကူးတာထက္ အဆင္ေျပ တဲ့ ကာ႐ိုက္တာေတြ႕မွပဲ လက္ခံ႐ိုက္ကူးတတ္တဲ့ မင္းသမီးေလးပဲ ျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာလႈပ္ရွားမႈနဲ႔ ေန႔စဥ္လႈပ္ရွားမႈမ်ား အလႉအတန္းလုပ္ေနမႈမ်ားကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပေလ့ရွိပါတယ္။

 

 

သူမရဲ႕ ဇာတိကေတာ့ ရွမ္းျပည္ျဖစ္ေပမယ့္ ရန္ကုန္မွာ ေမာင္ေလးနဲ႕ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ဒီေန႕မွာေတာ့ သူမေမာင္ေလးက သာသနာ့ေဘာင္ဝင္ေရာက္တာနဲ႕ပတ္သက္ၿပီး ” ဘဝမွာမိဘေနရာေနၿပီး လိုက္လုပ္ေပးရတာ ဂုဏ္ယူလို႕မဆံုးပါဘူး ” ဆိုတဲ့ စာေလးနဲ႕ ပံုေလးကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာ My Day မွာေဖာ္ျပလာတာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးေရာ ဟန္ေလးရဲ႕ အမႀကီး အမိေနရာ တာဝန္ယူတတ္တဲ့ စိတ္ေလးကို ခ်စ္ရင္ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

 

 

Source : Nan Shwe Aye
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” ဘဝမှာ ဂုဏ်ယူလို့မဆုံးဖြစ်ရတဲ့ အကြောင်းလေးကို ရင်ဖွင့်လာတဲ့ ဟန်လေး ”

CeleConnections ပရိသတ်ကြီရေ မော်ဒယ်လမ်းကြောင်းပေါ်က တဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ဟန်လေးကတော့ ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ MTV များစွာရိုက်ကူးထားတဲ့ သူတစ်ယောက်လည်းဖြစ်ပြီး လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး စကားသံဝဲတဲတဲလေးနဲ့ ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူလေး ဖြစ်ပါတယ်။

ဟန်လေးကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကိုပဲပိုပြီး ဝါသနာပါတာဖြစ်တာမို့ ကာရိုက်တာတိုင်းကို လက် ခံပြီး ရိုက်ကူးတာထက် အဆင်ပြေ တဲ့ ကာရိုက်တာတွေ့မှပဲ လက်ခံရိုက်ကူးတတ်တဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများ အလှူအတန်းလုပ်နေမှုများကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလေ့ရှိပါတယ်။

သူမရဲ့ ဇာတိကတော့ ရှမ်းပြည်ဖြစ်ပေမယ့် ရန်ကုန်မှာ မောင်လေးနဲ့နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမမောင်လေးက သာသနာ့ဘောင်ဝင်ရောက်တာနဲ့ပတ်သက်ပြီး ” ဘဝမှာမိဘနေရာနေပြီး လိုက်လုပ်ပေးရတာ ဂုဏ်ယူလို့မဆုံးပါဘူး ” ဆိုတဲ့ စာလေးနဲ့ ပုံလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာဖော်ပြလာတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော ဟန်လေးရဲ့ အမကြီး အမိနေရာ တာဝန်ယူတတ်တဲ့ စိတ်လေးကို ချစ်ရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Nan Shwe Aye
Candy – CeleConnections

error: Alert: Content is protected !!