

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကိုရိုနာကြီးပြီးရင် ချစ်ရသူနဲ့ ခရီးတွေတူတူထွက်ချင်ပါသေးတယ်ဆိုတဲ့ နန်းဆုရတီစိုး”

 

မြန်မာနိုင်ငံရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးနဲ့ ပရိသတ်တွေ ရင်းနှီးပြီးလောက်မယ် ထင်ပါတယ်။ နန်းဆုရတီစိုးကတော့ သရုပ်ဆောင်မှုပိုင်းမှာ အောင်မြင်ကျော်ကြားခဲ့ရုံသာမက ဂီတပိုင်းမှာလည်း အောင်မြင်လာတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့”ရူးအောင်ချစ်ရသူ”သီချင်းကတော့ အခုချိန်ထိလူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

 

အခုချိန်ကိုရိုနာရောဂါဖြစ်ပွားနေတာကြောင့် အိမ်ထဲမှာနေရင်း နန်းဆုကတော့ အလွမ်းအဆွေးကပ်ပရှင်းလေးတွေရေးကာ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ နန်းဆုက”ဒီကပ်ဆိုးကြီးပြီးသွားရင် ခရီးတွေ အတူတူ ထွက်ကြမယ်နော်။ ခုတော့ အိမ်မှာနေပါ စိတ်ပူလို့”ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို စိတ်ပူတဲ့အတွက်ကြောင့် အိမ်မှာနေပါလို့ ဆိုပြီး တင်ပေးလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက်        နန်းဆုရဲ့ စိတ်ပူတယ်ဆိုတဲ့      အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။     ပရိသတ်ကြီးကလည်         း နန်းဆုရတီစိုးကို           အားပေးချစ်ခင်တယ်ဆိုရင်              မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure… NansuYati Soe’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!