

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကိုဗစ်ကြီးပြီးသွားရင် သူလုပ်ချင်တဲ့ ဆန္ဒလေးတွေကို ပြောလာတဲ့ သားညီ”

 

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ မင်းသားသားညီကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သားညီကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သားညီဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာလည်း အောင်မြင်ရုံသာမက ဒါရိုက်တာပိုင်းမှာပါ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။

 

သားညီကတော့ အိမ်မှာနေရင်း Covid-19နဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်စေမယ့် စာများနဲ့ ဗီဒီယိုလေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လေ့ရှိပါတယ်။ ဧပြီလ(၁၁)ရက်နေ့မှာ သားညီက “Covid 19 ပြီးသွားရင်ရွှေတိဂုံ ဘုရားကို မနက်အစောကြီးဆွမ်းသွားကပ်မယ် ဘုရားကဆင်းရင်ငှက်ကလေးတွေ လှောင်ချိုင့်ထဲက လွှတ်မယ် နေ့လည်စာကို ပါဆယ်ဝယ်ပြီးမိသားစုနဲ့ ပန်းခြံထဲမှာ သွားစားမယ် ညနေဘက် လူတွေကြားထဲတိုးပြီးညဈေးတန်းမှာ မုန့်လျောက်စားမယ် ညဘက်အိမ်ပြန်ရောက်ရင်မိသားစုဝိုင်းထိုင်ပြီး ဟာသတွေပြောရင်း ရယ်ကြမယ် အားလုံးလုပ်ပြီးသွားရင်ဘယ် Ph မှ မကိုင် ဘယ်သတင်းမှ စောင့်စရာမလိုပဲစိတ်ချလက်ချ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချလိုက်မယ် “လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာကြီးပြီးသွားရင် သူလုပ်ချင်တဲ့ အရာလေးတွေကို ရေးကာ တင်ပေးလိုက်တာပါပဲနော်။

 

CeleConnections ပရိသတ်တွေအတွက်      သားညီရဲ့ လုပ်ချင်တဲ့ ဆန္ဒလေးကို      ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း    သားညီကိုအားပေးတယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure… Thar Nyi’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!