ယူနီကုဒ်ဖြင့်ဖတ်ရန်
(၇) နှစ်တာ သစ္စာရှိရှိ လက်တွဲခဲ့တဲ့ ချစ်သူလေးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဂျိုကာ
သရုပ်ဆောင်၊ အဆိုတော် ရဲလေးရဲ့ ညီအရင်းဖြစ်သူ ဂျိုကာကလည်း အစ်ကိုဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ဂျိုကာက အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ဟာသဉာဏ်ရွှင်တာကြောင့် ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ပိုပြီး နာမည်ကြီးသူတစ်ယောက်ပါ။ ဂျိုကာရဲ့ ဟာသတွေကလည်း ပျော်စရာကောင်းသလို သူ့ရဲ့ နှစ်ရှည်လများခိုင်မြဲတဲ့ အချစ်ရေးလေးကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။
မနေ့က ဧပြီလ (၉) ရက်နေ့ကတော့ ဂျိုကာချစ်သူကောင်မလေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဂျိုကာက ချစ်သူကောင်မလေးရဲ့ မွေးနေ့မှာ “Chayy ဖြစ်ချင်တဲ့ဘဝနဲ့ဆန္ဒနဲ့ထပ်တူကျပါစေ။ ဘုန်းကြီးလို့သက်ရှည်၊ ကျန်းမာပျော်ရွှင်စွာနဲ့ မွေးနေ့တိုင်းမွေးနေ့တိုင်းကို ချစ်ရတဲ့သူတွေနဲ့အတူတူ ဖြတ်သန်းသွားနိုင်ပါစေကွာာ။ကိုးကို ကိုလည်းဒီထက်ဒီထက်မကပိုးပိုပြီးချစ်နိုင်ပါစေကွာ” ဆိုပြီး ရိုးရိုးလေးသာ ဆုတောင်းပေးထားပါတယ်။
ဂျိုကာတို့ကတော့ ချစ်သူသက်တမ်း (၇) နှစ်ကျော်သည့်တိုင် ပျော်ရွှင်စွာနဲ့ လက်တွဲနေကြဆဲ ဖြစ်ပါတယ်။ ဂျိုကာတို့ ချစ်သူနှစ်ယောက် သက်ဆုံးတိုင် ပျော်ရွှင်ကြပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Wai Yan Tun Min ‘s fb
Bilie – Cele Connections
error: Alert: Content is protected !!