

 


 

 


 

 

Source : Aung Yay Chan
ယူနီကုတ်ဖြင့်ဖတ်ရန်

“မြန်မာ ပြည် ရဲ့ ပထမဆုံး နိုင်ငံရေးဇာတ်လမ်း ဖြစ်ရပ်မှန် ရုပ်ရှင်မှာ ပါဝင်ထားတဲ့ အောင်ရေချမ်း ”

CeleConnections အောင်ရေချမ်းက တော့ ” ထာဝရမန္တလေး” ဇာတ်ကား မှာ ပရိသတ်တွေစသိလာပြီး “ပျားရည်အိုင်” ဇာတ်ကားထဲမှာတော့ ကိုတင်ဖေဇာတ်ကောင် အဖြစ် ပရိသတ်တွေ ရဲ့ ရင်ထဲကိုရောက်ရှိခဲ့သူပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ချက်မှာ အပိုအလို မရှိတဲ့အပြင် ဇာတ်ကောင်ကာရိုက်တာအပေါ်ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် စွမ်းရည် တွေ ကြောင့် ပရိသတ်တွေသတိထားမိလာပြီး အားပေးဝန်းရံခ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ပျားရည်အိုင်ဇာတ်လမ်းတွဲ အပြီးမှာ“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ မှာလည်း ” မင်းမျိုးနွယ် ” ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ကောင်း ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချီးကျူးခံနေရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။တစ်ဟုန်ထိုးအောင်မြင်မှုရလာတဲ့ မင်းသားတစ်လက်ဆိုလည်းမမှားပါဘူးနော်။

လက်ရှိမှာလည်း တစ်နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ရတဲ့ 8 seconds silence ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆေင်ထားတယ်လို့သိရပါတယ်။ ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်သလို၊မြန်မာ ပြည် ရဲ့ ပထမဆုံး နိုင်ငံရေးဇာတ်လမ်း မို့ ပရိသတ်တွေ အထူးစိတ်ဝင်စားကြမယ့် ဇာတ်ကားဖြစ်ပြီး မျိုးဆက်သစ်လူငယ် အနုပညာရှင်များစွာနဲ့အတူပါဝင်ထားတာကြောင့် အောင်ရေချမ်းတစ်ယောက်ဘယ်လိုကာရိုက်တာတွေနဲ့ပါဝင်လာမလဲဆိုတာအထူးစိတ်ဝင်စားစရာကောင်းလှပါတယ်နော်။ CeleConnections ပရိသတ်ကြီးထဲမှာရော အောင်ရေချမ်းပါဝင်ထားတဲ့ 8 seconds silence ရုပ်ရှင် ဇာတ်ကားကြီးကိုအားပေးဖို့အသင့်ပဲလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Aung Yay Chan
Candy -Cele Connections

error: Alert: Content is protected !!