



Source :Mary
Candy – Cele Connection
ယူနီကုတ်ဖြင့်ဖတ်ရန်

” ယောကျာ်းလေးပရိသတ်တွေ ရှော့ခ်ရသွားစေမယ့် ကကွက်လေးတွေနဲ့ Mary ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ Mary ကတော့ အမျိုးသား ပရိသတ်တွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကိုခံရတဲ့သူပဲ ဖြစ်ပါတယ်။ ဘယ်သူနဲ့မှမတူတဲ့ တမူထူးခြားတဲ့ ဆိုဟန်အသံလေးနဲ့ ” သူသိသွားပြီ သီချင်းလေးကို Cover ပြန်ဆိုခဲ့တာကြောင့် ပရိသတ်တွေအထူးစိတ်ဝင်စားကာ အောင်မြင်လာသူလေးပဲ ဖြစ်ပါတယ်။

နောက်ထပ်ထွက်ရှိတဲ့ သူမရဲ့ သီချင်းတွေဖြစ်တဲ့ မငိုပါနဲ့တော့ ၊ ဝဲ အစရှိတဲ့ သီချင်းတွေကလည်း ပရိသတ်တွေရင်ထဲကိုနေရာယူခဲ့တာပါပဲနော်။ နောက်ထပ် Ar-T နဲ့ တွဲဖက်သီဆိုထားတဲ့ Silent သီချင်းလေးဟာဆိုရင်လည်း ပရိသတ်တွေအထူးအားပေးနှစ်ခြိုက်ခဲ့ကြတဲ့ သီချင်းလေးတွေပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားတွေပါရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Mary တစ်ယောက်သူမရဲ့ Stay Home ကာလမှာ TikTok လေးကို ပထမဆုံးစဆော့ ပြီဖြစ်ကြောင်း ပြောပြထားကာ ယောကျာ်းလေး ပရိသတ်တွေအသဲတယားယားဖြစ်အောင် အမိုက်စားကကွက်လေးတွေနဲ့ ဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း Mary ရဲ့ TikTok လေးကိုကြည့်ပြီး သဘောကျရင် မှတ်ချက်လေးတွေပေးခဲ့ပါဦးနော်။

Source :Mary
Candy – Cele Connection

error: Alert: Content is protected !!