

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဖေဖေ၊ မေမေနဲ့တကွ အတူတူရိုက်ထားတဲ့ ငယ်ဘဝပုံရိပ်လေးကို အမှတ်တရချပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ကတော့ ပျိုပျိုမေတို့ရဲ့ အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဧပြီ (၁၀)ရက်နေ့ရောက်တိုင်း Birthday Show တွေ ပြုလုပ်လေ့ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မှာတော့ ပရိသတ်တွေရဲ့ ကျန်းမာရေးအခြေအနေကြောင့် သူ့ရဲ့ နေအိမ်မှာပဲ SAISAI BIRTHDAY SHOW in Bedroom ဆိုပြီး Live လွှင့်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ငယ်ငယ်က ပုံရိပ်လေးတစ်ခုကို မျှဝေပေးထားပါတယ်။ ထိုပုံမှာတော့ စိုင်းစိုင်းခမ်းလှိုင်ရယ်လို့ မွေးဖွားပေးခဲ့တဲ့ စိုင်းစိုင်းရဲ့ ဖေဖေနဲ့ မေမေကိုပါ တွေ့ရမှာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းက မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ မြေးအရင်းလည်း ဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ ငယ်ဘဝပုံရိပ်လေးကတော့ အရမ်းကို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အချစ်တွေ တိုးကုန်ကြပြီ ထင်ပါတယ်။

Source: Sai Sai Kham Leng ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!