ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔အတူတူ ေတာင္ဒဂုံၿမိဳ႕နယ္က အေျခခံလူတန္းစားေတြကို စားနပ္ရိကၡာေတြ လႉဒါန္းေပးခဲ့တဲ့ ခါရာ

ျဖဴဝင္းတဲ့ အသားအရည္နဲ႔ ကိုရီးယားမင္းသားေလးတစ္ေယာက္လို ဆြဲေဆာင္မႈရွိတဲ့ မင္းသားေခ်ာ ခါရာကို မိန္းကေလးတိုင္း ႀကိဳက္ႏွစ္သက္ အားေပးၾကမယ္ ထင္ပါတယ္။ ခါရာက “လိပ္ျပာ” ဇာတ္လမ္းတြဲနဲ႔ ေအာင္ျမင္မႈရရွိခဲ့ၿပီး လက္ရွိမွာလည္း အႏုပညာလုပ္ငန္းေတြကို တစ္ေန႔ထက္တစ္ေန႔ ႀကိဳးစားလုပ္ကိုင္ေနလ်က္ရွိတာကို ေတြ႕ရပါတယ္။

 

႐ုပ္ရည္ေခ်ာေမာသလို လူမႈေရးမွာလည္း မညံ့တဲ့ ခါရာက မေန႔က ဧၿပီလ (၉) ရက္ေန႔မွာေတာ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔အတူတူ ေတာင္ဒဂုံၿမိဳ႕နယ္၊ ႐ြာသာႀကီး က.ည.န နားမွာရွိတဲ့ အိမ္ေျခေတြကို ဆန္၊ ဆီ၊ ဆားနဲ႔အတူ အျခားစားစရာတခ်ိဳ႕ကို သြားေရာက္ လႉဒါန္းျဖစ္ခဲ့ပါတယ္လို့ သိရပါတယ္။

 

 

ခါရာကေတာ့ ပရိသတ္ေတြရဲ့ အခ်စ္ေတြကို တစ္ခဲနက္ရရိွထားသလို ျပည္သူေတြ အခက္ေတြ့ေနခ်ိန္မွာလည္း ကူညီဖို့ လက္မေနွးသူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခါရာရဲ့ အလွဴဒါန၊ လုပ္အားဒါနေလးအတြက္ ဝမ္းေျမာက္စြာနဲ့ သာဓုေခၚေပးၾကပါဦးေနာ္။

 

 

Source: Khar Ra’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ တောင်ဒဂုံမြို့နယ်က အခြေခံလူတန်းစားတွေကို စားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့တဲ့ ခါရာ

ဖြူဝင်းတဲ့ အသားအရည်နဲ့ ကိုရီးယားမင်းသားလေးတစ်ယောက်လို ဆွဲဆောင်မှုရှိတဲ့ မင်းသားချော ခါရာကို မိန်းကလေးတိုင်း ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။ ခါရာက “လိပ်ပြာ” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိခဲ့ပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို တစ်နေ့ထက်တစ်နေ့ ကြိုးစားလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ရုပ်ရည်ချောမောသလို လူမှုရေးမှာလည်း မညံ့တဲ့ ခါရာက မနေ့က ဧပြီလ (၉) ရက်နေ့မှာတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီး က.ည.န နားမှာရှိတဲ့ အိမ်ခြေတွေကို ဆန်၊ ဆီ၊ ဆားနဲ့အတူ အခြားစားစရာတချို့ကို သွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။

ခါရာကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို တစ်ခဲနက်ရရှိထားသလို ပြည်သူတွေ အခက်တွေ့နေချိန်မှာလည်း ကူညီဖို့ လက်မနှေးသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခါရာရဲ့ အလှူဒါန၊ လုပ်အားဒါနလေးအတွက် ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ပေးကြပါဦးနော်။

Source: Khar Ra’s fb
Bilie – Cele Connections

error: Alert: Content is protected !!