“အိမ္အကူကေလးမေလးအတြက္ေရာ က်န္ခဲ့တဲ့ကေလးနွစ္ေယာက္အတြက္ပါ စိတ္မေကာင္းျဖစ္ရၿပီး Child Psychoမဝင္ဖို႕ ဆုေတာင္းေပးမိတယ္ဆိုတဲ့ ဇာဇာထက္”

ေဘာ္ဒီေကာက္ေၾကာင္း အမိုက္စားနဲ႕ လွပတဲ့ ဆက္စီေမာ္ဒယ္ ဇာဇာထက္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ဆက္စီေမာ္ဒယ္ အလုပ္ကို လုပ္ကိုင္ေနရတာ သူမရဲ႕ ဝမ္းေရးအတြက္ ခက္ခဲလုိ႕ ဒီအလုပ္ကို လုပ္ခဲ့တာလို႕ ပြင့္ပြင့္လင္းလင္း ေျပာခဲ့ကာ ၾကံဳေတြရတဲ့ အခက္အခဲေတြကို ေက်ာ္ျဖတ္ေနတဲ့သူပဲျဖစ္ပါတယ္..။ ဧၿပီလ (၉)ရက္ေန႕မွာ ဇာဇာထက္က အြန္လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ အိမ္ေဖာ္မေလးအတြက္ သူငယ္ခ်င္းေတြနဲ႕စုကာ တတ္နိုင္သေလာက္ေလး အလွဴေငြေလးေတြကို ေဆးရံုထိ သြားေရာက္ကာ  လွဴဒါန္းခဲ့ပါတယ္..။

 

 

ဇာဇာထက္က ခက္ခဲေနၿပီး မိန္းမခ်င္း ကုိယ္ခ်င္းစာစိတ္နဲ႕သြားေရာက္ လွဴဒါန္းတာျဖစ္ၿပီး ဒီကေလးေလးရဲ႕ အမႈကိစၥနဲ႕ ပတ္သက္ၿပီး သူမခံစားရတဲ့ ခံစားခ်က္ေလးေတြကို “အမႈစစ္တဲ့အခ်ိန္ တရား႐ုံးကေမးတဲ့ ေမးခြန္းေတြကို ကေလးမေလး အျမန္ ေနေကာင္းက်န္းမာစြာ အစစ္ခံႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္…။ အမွန္တရားလည္း အျမန္ ေပၚေပါက္ပါေစ.။ ျဖစ္ေလရာဘဝမွာလည္း ဒီလိုဝဋ္ေႂကြးေတြ ေက်ပါေစလို႔အမ ဆုေတာင္းပါတယ္..။ ကေလးဘယ္ေလာက္ စိတ္ပင္ပန္းနာက်င္ၿပီး စိတ္ဒဏ္ရာေတြရေနမလဲ ဆိုတာလည္း အမနားလည္ခံစားလို႔ရေနပါတယ္ ..။ ပညာတတ္ၿပီး အသိဉာဏ္မဲ့ တဲ့မိဘႏွစ္ပါးရဲ႕ ဆင္ျခင္တုံတရားေၾကာင့္ ဒီဖက္ကကေလးႏွစ္ေယာက္လည္း Child Psycho မရပါေစနဲ႔အမဆုေတာင္း ေပးပါတယ္..။ ကေလးတို႔ေရ.. ေနာက္ၿပီး တိတ္ဆိတ္ၿပီး မသိခ်င္ေယာင္ေဆာင္ေန တဲ့ သိုင္းေလာကကလူေတြရဲ႕ မသိက်ိဳးကြၽံမႈေတြကိုလည္း အံ့ဩမိတယ္ .။

 

 

မေျပာရဲၾကလို႔လား … မ်က္ႏွာနာမွာစိုးရိမ္ၾကလို႔လား? ကြၽန္မတို႔လို sexy model ေတြက် ေႏွာင္းပိုင္းတုန္းက ယဥ္ေက်းမႈဖ်က္ဆီး အမ်ိဳးဘာသာသာနာဖ်က္ဆီးတယ္ ဆိုၿပီးတိုင္ၾက ေတာက်လူရာမသြင္းၾကနဲ႔ ဒီလို caseေတြက် ဘာလို႔ျပင္း”ထန္”မတိုင္ေတာ မေထာက္ျပၾကတာလဲဟင္?ကြၽန္မပဲ ဉာဏ္ရည္ လိုက္မမွီေတာ့လားမသိဘူး” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ဇာဇာထက္ကေတာ့ မတူညီနိုင္တဲ့ အျမင္နဲ႕ သူမရဲ႕ ထင္ျမင္ခံစားခ်က္ေလးေတြကို ေရးတင္ခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ဇာဇာထက္နဲ႕အတူတူ ထင္ျမင္မိရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ပါဦးေနာ္..။
Source:Zar Htet’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အိမ်အကူကလေးမလေးအတွက်ရော ကျန်ခဲ့တဲ့ကလေးနှစ်ယောက်အတွက်ပါ စိတ်မကောင်းဖြစ်ရပြီး Child Psychoမဝင်ဖို့ ဆုတောင်းပေးမိတယ်ဆိုတဲ့ ဇာဇာထက်”

ဘော်ဒီကောက်ကြောင်း အမိုက်စားနဲ့ လှပတဲ့ ဆက်စီမော်ဒယ် ဇာဇာထက်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဆက်စီမော်ဒယ် အလုပ်ကို လုပ်ကိုင်နေရတာ သူမရဲ့ ဝမ်းရေးအတွက် ခက်ခဲလို့ ဒီအလုပ်ကို လုပ်ခဲ့တာလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ကာ ကြုံတွေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နေတဲ့သူပဲဖြစ်ပါတယ်..။ ဧပြီလ (၉)ရက်နေ့မှာ ဇာဇာထက်က အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အိမ်ဖော်မလေးအတွက် သူငယ်ချင်းတွေနဲ့စုကာ တတ်နိုင်သလောက်လေး အလှူငွေလေးတွေကို ဆေးရုံထိ သွားရောက်ကာ လှူဒါန်းခဲ့ပါတယ်..။

ဇာဇာထက်က ခက်ခဲနေပြီး မိန်းမချင်း ကိုယ်ချင်းစာစိတ်နဲ့သွားရောက် လှူဒါန်းတာဖြစ်ပြီး ဒီကလေးလေးရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး သူမခံစားရတဲ့ ခံစားချက်လေးတွေကို “အမှုစစ်တဲ့အချိန် တရားရုံးကမေးတဲ့ မေးခွန်းတွေကို ကလေးမလေး အမြန် နေကောင်းကျန်းမာစွာ အစစ်ခံနိုင်ပါစေလို့ ဆုတောင်းပါတယ်…။ အမှန်တရားလည်း အမြန် ပေါ်ပေါက်ပါစေ.။ ဖြစ်လေရာဘဝမှာလည်း ဒီလိုဝဋ်ကြွေးတွေ ကျေပါစေလို့အမ ဆုတောင်းပါတယ်..။ ကလေးဘယ်လောက် စိတ်ပင်ပန်းနာကျင်ပြီး စိတ်ဒဏ်ရာတွေရနေမလဲ ဆိုတာလည်း အမနားလည်ခံစားလို့ရနေပါတယ် ..။ ပညာတတ်ပြီး အသိဉာဏ်မဲ့ တဲ့မိဘနှစ်ပါးရဲ့ ဆင်ခြင်တုံတရားကြောင့် ဒီဖက်ကကလေးနှစ်ယောက်လည်း Child Psycho မရပါစေနဲ့အမဆုတောင်း ပေးပါတယ်..။ ကလေးတို့ရေ.. နောက်ပြီး တိတ်ဆိတ်ပြီး မသိချင်ယောင်ဆောင်နေ တဲ့ သိုင်းလောကကလူတွေရဲ့ မသိကျိုးကျွံမှုတွေကိုလည်း အံ့ဩမိတယ် .။

မပြောရဲကြလို့လား … မျက်နှာနာမှာစိုးရိမ်ကြလို့လား? ကျွန်မတို့လို sexy model တွေကျ နှောင်းပိုင်းတုန်းက ယဉ်ကျေးမှုဖျက်ဆီး အမျိုးဘာသာသာနာဖျက်ဆီးတယ် ဆိုပြီးတိုင်ကြ တောကျလူရာမသွင်းကြနဲ့ ဒီလို caseတွေကျ ဘာလို့ပြင်း”ထန်”မတိုင်တော မထောက်ပြကြတာလဲဟင်?ကျွန်မပဲ ဉာဏ်ရည် လိုက်မမှီတော့လားမသိဘူး” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ဇာဇာထက်ကတော့ မတူညီနိုင်တဲ့ အမြင်နဲ့ သူမရဲ့ ထင်မြင်ခံစားချက်လေးတွေကို ရေးတင်ခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ဇာဇာထက်နဲ့အတူတူ ထင်မြင်မိရင် မှတ်ချက်လေးတွေ ရေ  းပေးခဲ့ပါဦးနော်..။
Source:Zar Htet’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!