

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Sai Birthday Show In Bedroom ကို အားပေးနေကြတဲ့ အနုပညာရှင်များ

နှစ်စဉ်ကျင်းပတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကတော့ Covid -19 ကပ်ရောဂါကြောင့် ပရိသတ်တွေအများကြီးနဲ့ စည်စည်ကားကားကျင်းပခွင့်မရရှိခဲ့ပါဘူး။ ဒါပေမယ့် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ပရိသတ်တွေအတွက် Sai Sai Birthday Show In Bedroom ဆိုပြီး ပရိသတ်တွေ အိမ်ကနေပဲ တိုက်ရိုက်ကြည့်ရှုလို့ရအောင် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

လူချစ်လူခင်ပေါများတဲ့ စိုင်းစိုင်းခမ်းလှိုင်က အနုပညာအသိုင်းအဝိုင်းမှာလည်း ချစ်ခင်ကြသူ ပေါများသူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာရှင်တွေထဲက စံရတီမိုးမြင့်၊ အေးဝတ်ရည်သောင်း၊ ဝိုင်းလေး၊ ဝါဆိုမိုးဦး၊ ထွန်းထွန်း၊ ဟဲလေး၊ အေးမြဖြူ၊ အိမ့်ချစ် စတဲ့ အနုပညာရှင်တွေကလည်း အိမ်မှာနေပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ Show လေးကို ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။

အနုပညာရှင်တွေကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Sai Birthday Show In Bedroom ကို အားပေးရင်း တကယ့် Show ပွဲကြီးကို ရောက်သွားသလို ခံစားနေရမှာပဲနော်။ ပရိသတ်ကြီးရော Sai Sai Birthday Show In Bedroom ကို ကြည့်နေကြလား ပြောခဲ့ကြဦးနော်။

Bilie – Cele Connections

error: Alert: Content is protected !!