Source :May Oo
Candy – Cele Connection
ယူနီကုတ်ဖြင့်ဖတ်ရန်
” အိမ်မှာနေသင့်ကြောင်းကို TikTok လေးဆော့ပြကာသတိပေးခဲ့ မေဦး ”
CeleConnections ပရိသတ်ကြီးရေ မေဦးကတော့ မိတ်ကပ်လောကမှာ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းတစ်ဦးလို့ဆိုရမှာပါ။ မေဦးကတော့ အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်ဖြစ်ပေမယ့်လည်း မာန်မာနထားလေ့မရှိဘဲ လက်အောက်ငယ်သားတွေကို ပညာတွေသင်ပေးတတ်တဲ့သူလို့ အနုပညာအသိုင်းအဝိုင်းရဲ့ ချီးကျူးခြင်းခံရသူ ပဲ ဖြစ်ပါတယ်။ မိတ်ကပ်နဲ့ပတ်သက်လာရင် အနုပညာအသိုင်းအဝိုင်းကရော အပြင်လောက ကပါ အားကိုးတစ်ကြီးအားကိုးရတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်လာတဲ့အချိန်မှာလည်းမိဘကို ပြန်လည်ကြည့်ရှုစောင့်ရှောက်ကာအလုပ်အကျွေးပြုနေသူ တစ်ယောက်ပါ။
မေဦး ဆိုတာနဲ့ မေဦးချစ်သူ ဟန်လင်းကိုတွဲ မြင်ကြတာပဲ ဖြစ်ပြီး ချစ်သူတွေဖြစ်ကြောင်း တရားဝင် ချစ်သူတွေ ဖြစ်ကြောင်း ချပြခဲ့တဲ့အချိန်မှာလည်း ဝေဖန်မှုတွေ ရှိခဲ့ကြပေမယ့် အားပေးဝန်းရံတဲ့သူတွေကပိုမျာလားခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ရိုမန့်တစ်ဆန်လွန်းတဲ့ သူတို့စုံတွဲလေးကတော့ နားလည်မှုနဲ့ရှေ့ဆက်ရှေ့ကာ တည်ငြိမ်တဲ့ RelationShip ကိုတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာလည် Covid 19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေကို တိုက်တွန်းနေတဲ့သူတွေထဲမှာ မေဦးလည်းအပါအဝင်ပါပဲနော်။ အိမ်မှာပဲနေကာ အချိန်တွေကုန်ဆုံးနေတဲ့ မေဦးကတော့ သူမရဲ့ TikTok ကနေ အိမ်မှာနေသင့်ကြောင်းကို TikTok လေးဆော့ကာသတိပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း မေဦးရဲ့ TikTok လေးကိုကြည့်ည့ီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :May Oo
Candy – Cele Connection
error: Alert: Content is protected !!