

 


 

 


 

 

Source: Ko Hein ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိပ်ယာထဲလဲပြီး နာမကျန်းဖြစ်နေတဲ့ ဟာသလူရွှင်တော်ကြီးဧရာကို ငွေ (၁၀) သိန်း လှူဒါန်းခဲ့တဲ့ မြင့်မြတ်

အကယ်ဒမီမြင့်မြတ်က အောင်မြင်တဲ့ မင်းသားတစ်လက်ပီပီ ရုပ်ရှင်ဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးရသူတစ်ယောက်ပါ။ မြင့်မြတ်က သူရရှိသမျှ အနုပညာကြေးတွေကို အလှူအတန်းတွေ ပြုလုပ်လေ့ရှိပြီး အကျိုးရှိတဲ့ နေရာတွေမှာသာ အသုံးချသူတစ်ယောက်ပါပဲ။ မြင့်မြတ်က လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေဘာဂီဆေးရုံကို အလှူငွေ သိမန်း (၁၆၀) ကျော်ကို လှူဒါန်းထားသူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာလည်း မြင့်မြတ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး ဧရာကို အလှူငွေ (၁၀) သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လူရွှင်တော်ကြီး ဧရာက ကျန်းမာရေးမကောင်းတာကြောင့် အိမ်ယာထဲလဲနေခဲ့ရတာဖြစ်ပြီး ရုပ်ရှင်မရိုက်တာ အတော်ကြာပြီ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ အခုလို လှူဒါန်းမှုကြောင့် လူရွှင်တော်ကြီး ဧရာအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ အနုပညာသမားအချင်းချင်း အခုလို ကူညီထောက်ပံ့ပေးတဲ့ မြင့်မြတ်ရဲ့ ကုသိုလ်ကိုလည်း ဝမ်းမြောက်စွာ သာဓုခေါ်ပေးလိုက်ပါတယ်နော်။

Source: Ko Hein ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!