

 

 

 


 

 



Unicode

“ဟန်ငြိမ်းဦးဆိုတဲ့ အကောင့်ပိုင်ရှင်ကို တရားဥပဒေအတိုင်း တိုင်ကြားအရေးယူတော့မယ် ဆိုတဲ့ ဒေါင်းဝေ”

လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီး နေတဲ့ မင်းရာဇာတို့ရဲ့ အိမ်ထောင်ရေး သတင်းအကြောင်းအရာကို စတင် တင်လာခဲ့တဲ့ ဟန်ငြိမ်းဦးဆိုတဲ့ အကောင့်ပိုင်ရှင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း သိကြမယ် ထင်ပါတယ်နော်..။ အနုပညာရှင်တွေကို ကောလဟာလတွေနဲ့ နာမည်ဖျက်နေတာကြောင့် သရုပ်ဆောင်ဒေါင်းဝေက မဟုတ်တဲ့ သတင်းတွေကို တင်ပေးနေတဲ့ ဟန်ငြိမ်းဦးရဲ့ သရုပ်အမှန်ကို လတ်တလောကမှ သူ့ ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ချပြခဲ့ပါသေးတယ်..။

ဒီနေ့ ဧပြီလ (၁၀)ရက်နေ့မှာတော့ ဒေါင်းဝေက သူ့အပေါ်ကို ရိုင်းစိုင်းစွာ တုံ့ပြန်စော်ကား ပြောဆိုမှုတွေအတွက်ရော အနုပညာရှင်တွေအပေါ် သုံးနှုန်းတဲ့စကားတွေအတွက် ဟန်ငြိမ်းဦးဆိုတဲ့ အကောင့်ပိုင်ရှင်ကို တရားစွဲဆိုတော့မယ့်အကြောင်းကို “ဟန်ငြိမ်းဦး ဆိုသောအကောင့်ပိုင်ရှင် စော်ကားထားပါ.။ မည်သို့မျှမတုန့်ပြန်ပါ .။ အနုပညာရှင်လည်း လူပါပဲ .။ မှားတဲ့သူရှိသလို မှန်တဲ့သူရှိတယ် .။   ကိုယ့်လောကထဲက ကိုယ့်မိဘညီကိုမောင်နှမတွေကို အနုပညာရှင်တွေ အကုန်သတိထားဆိုတဲ့ စကားအသုံးအနှုန်းကြောင့် တုန့်ပြန်ခြင်း၊ ကျွန်တော့်နာမည်ကို ဆဲရေးတိုင်းတွာခြင်း၊ သတင်းမဟုတ်တာ အဟုတ်လုပ် အားနည်းသူကို ဝါးကူထိုး ဒီလိုကောင်ကို တရားဥပဒေအတိုင်း တိုင်ကြားအရေးယူပါမည်။

မည်သူ့ PSO လုပ်နေတာက အစသိပါသည်။ သူ့မိဘပါရုံးသို့ ဆင့်ခေါ်ပါမည်။ ကူညီပေး သော တောင်ကြီး လဝက နဲ့ ကညန မှသူငယ်ချင်းများ Fb မှ သူငယ်ချင်းမိတ်ဆွေများ အားလုံးအား ကျေးဇူးတင်ပါသည်။ DaungWai” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဒေါင်းဝေကတော့ တရားရုံးမှ တစ်ဆင့် ဆင့်ခေါ်ကာ တရားစွဲဆိုတော့မည့် အကြောင်းကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်   Cele Connections ပရိသတ်ကြီးရေ..။
Source: Daung Wai’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!