

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်မိုးလေးရွာပြီး ဒီရောဂါကပ်ဆိုးကြီး သင်္ကြန်မိုးနဲ့ အတူပါသွားစေချင်မိတယ်ဆိုတဲ့ စမိုင်းလ်”

ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ စမိုင်းလ်ကတော့ ချစ်ခင် ကြင်နာတတ်တဲ့ ခင်ပွန်းဖြစ်သူ ရဲ့ ဂရုစိုက်မှုတွေနဲ့အတူ ချောမောတဲ့ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်..။ သူမတို့မိသားစုလည်း ပျော်ရွှင်အေးချမ်းရသလို အများသူငှာတွေလည်း အေးချမ်းစေဖို့အတွက် ဘာသာရေးနဲ့ လူမှုရေး ၊ ပရဟိတအလုပ်တွေကို ရှေ့ဆုံးကနေ ဦးဆောင်လုပ်ဆောင်ပါသေးတယ်..။

စမိုင်းလ်က လက်ရှိဗိုင်းရပ်စ်ကြောင့် အိမ်မှာနေရမယ့် အခြေအနေဖြစ်နေပေမယ့် မနေနိုင်အောင် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေသူတွေကို လိုအပ်တဲ့ စားသောက်ကုန်တွေကို လှူဒါန်းခြင်းတွေကို လုပ်ဆောင်ပေးသူပါ..။ မြန်မာပြည်ကြီး ဗိုင်းရပ်စ်ရန်က အမြန်ဆုံး ပျောက်ကင်းသွားနိုင်ဖို့အတွက် လည်ချောင်းတွေနာတဲ့အထိ ဘုရားရှိခိုး အဓိဌာန်ဝင်ခဲ့ပြီး ဒီနေ့ ဧပြီလ (၁၀)ရက်နေ့မှာတော့ ပိုးရှိလူနာ (၄)ယောက်ထပ်တွေ့တာကြောင့် စိုးရိမ်ပူပန်နေရတဲ့ အပူတွေကို ပျောက်ကင်းသွားစေဖို့ကို “အပူတွေများလွန်းလို့ သင်္ကြန်မိုးလေးရွာပြီး ဒီရောဂါဆိုးကြီးသင်္ကြန်မိုးနဲ့အတူပါသွားကြပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အပူတွေများလွန်းလို့ သင်္ကြန်မိုးလေးရွာပြီး ဒီရောဂါဆိုးကြီး သင်္ကြန်မိုးနဲ့ အတူပါသွားစေချင်တဲ့ သူမရဲ့ ဆန္ဒလေးကို ရေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။Cele Connections ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ဆန္ဒလေးတွေ တူနေခဲ့ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: စမိုင်းလ် Smile’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!