

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်တွင်း Channel တွေမှာ Live သီဆိုဖို့ မခေါ်ကြတဲ့ အတွက် ကျေးဇူးတင်မိတယ်ဆိုတဲ့ အေသင်ချိုဆွေ”

Single Mother အနေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ အဆိုတော်မလေး အေသင်ချိုဆွေကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သင်မြတ်နိုးနဲ့သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။ သူမထွက်ရှိခဲ့တဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ အားပေးမှုတွေကို ရရှိနေတဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်..။

အေသင်ရဲ့ Easy Going သီချင်းလေးကတော့ ပရိသတ်တွေအကြိုက်ဆုံးသီချင်းတစ်ပုဒ်လို့ ပြောရင်မှားမယ် မထင်ပါဘူးနော်..။ ဗိုင်းရပ်စ်ကြောင့် သင်္ကြန်တွင်း အိမ်မှပဲ စားရင်းသောက်ရင်း ဖြတ်သန်းမယ့်အကြောင်းလေးကို “ဒီနှစ်သင်္ကြန် ဘာstress ဘာ pressure မရှိဘဲ အေးဆေးအိမ်မှာပဲ စားရင်းသောက်ရင်း ဖြတ်သန်းမယ်။ အားလုံးပဲအိမ်မှာနေကြပါ။ တစ်ချို့တော့ channel တွေမှာLive ဆိုကြမယ်ထင်တယ်။ အိမ်ကနေ အားပေးမယ်နော်။ ကိုယ့်ကို ခေါ်မဆိုတာလဲကျေးဇူးပါ။ မဟုတ်ရင် လောဘကြီးပြီးရေခုတ်နေမိဦးမယ်။ ဗိုင်းရပ်စ်ကလည်း ကူးစက်နှုန်းမြင့်လာပြီဆိုတော့ မထွက်တော့တာဘဲ ကောင်းတယ်။

ကိုယ်က အရေးမကြီးဘူး ကလေးဆီ ကူးမှာကိုကြောက်တာ။ Let’s ..stayathome together …..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အေသင်ကတော့ သင်္ကြန်တွင်း Channel တွေမှာ Live သီဆိုဖို့ သူမကို မခေါ်ဆိုပေးကြတဲ့အတွက် ကျေးဇူးတင်မိပြီး သမီးဖြစ်သူကို ဗိုင်းရပ်စ်ကူးမှာကိုပဲ စိုးရိမ်မိတဲ့ သူမရဲ့ မိခင်စိတ်နဲ့ စိတ်ပူမိနေတဲ့ အချက်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်ပ ရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း အေသင်ချိုဆွေလိုပဲ ကိုယ့်မိသားစု၊ ကိုယ့်သားသမီးအတွက် စိတ်ပူရင် အိမ်မှာပဲ နေထိုင်ကြပါစို့နော်..။
Source: Athen Cho Swe’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!