ယူနီကုဒ်ဖြင့် ဖတ်ရန်
“သူများမိသားစုနဲ့ ကိုယ့်မိသားစုတွေ မျက်ရည်ပေါက်ကြီးငယ် မကျရအောင် အိမ်မှာပဲ နေထိုင်ကြပါလို့ တိုက်တွန်းသတိပေးလိုက်တဲ့ စည်ဖြိုး”
သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ မင်းသား စည်ဖြိုးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ သိမ်းပိုက်ထားတဲ့ စည်ဖြိုးကတော့ ပရဟိတနဲ့ အလှူအတန်းတွေကို ပြုလုပ်ကာ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။
အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်သလို ဘာသာရေးနဲ့ပတ်သက်တဲ့ အရေးတွေမှာလည်း ပါဝင်လှုပ်ရှားတတ်သူပါ..။ ဗိုင်းရပ်စ်ကြောင့် အိမ်မှာပဲ အေးဆေးစွာ နေထိုင်ကြဖို့ကို ဒီနေ့ ဧပြီလ (၁၀)ရက်နေ့မှာ စည်ဖြိုးက “ကျွန်တော်တို့ တစ်ခါတစ်လေ ဂေါ်လို့ရတယ် .။ ကဲလို့ရတယ်….။ But သူတစ်ပါး မျက်ရည်ပေါက် ကြီးငယ်ကျရအောင်တော့… မယုတ်မာ မရက်စက် ကြရအောင်လားဗျာ… ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ လို့ ကပ်ဘေးဝေးနိုင်ကြပြီး.. ဆယ်ရက်အတွင်း “အိမ်” ဆိုတဲ့ အဓိပ္ပါယ်လေးကို… ပိုပြီးအသက်သွင်းနိုင်ကြပါစေ..။ Respect …Love …Peace” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။
စည်ဖြိုးကတော့ သူများမိသားစု ၊ ကိုယ့်မိသားစုတွေ ထိခိုက်မှုမရှိရအောင် ၊ မျက်ရည်ပေါက်ကြီးငယ် ကျရမယ့် အဖြစ်တွေကနေ ကင်းဝေးရအောင် အိမ်မှာပဲ နေထိုင်ကြဖို့ကို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးလည်း စည်ဖြိုးပြောသလိုပဲ အများသူငှာနဲ့ ကိုယ့်မိသားစု မထိခိုက် ၊ မဆုံးရှုံးရအောင် အိမ်မှာပဲ  နေထိုင်ကြပါစို့နော်.။
Source: Si Phyo’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!