

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“မိခင်ဖြစ်သူအတွက် ရည်ရွယ်ထားပြီး မလုပ်ပေးဖြစ်ခဲ့တဲ့ အရာတွေအတွက် နောင်တရဝမ်းနည်းနေမိတယ်ဆိုတဲ့ ချောရတနာ”

ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောရတနာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ချောရတနာဟာ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်..။ လက်ရှိမှာ အနုပညာခြေလှမ်းကျဲနေပေမယ့် အနုပညာအလုပ်တွေကို လုပ်ရင်း ချစ်ရတဲ့ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေသူပါ..။

ဧပြီလ (၆)ရက်နေ့မှာ ရုတ်တရက် ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူအတွက် ရင်ထဲမှာ မခံစားနိုင်အောင် ဖြစ်ရပြီး နောင်တရမိတဲ့ အဖြစ်လေးတွေကို ချောရတနာက “အမေ့ကို လုပ်ပေးချင်တာတွေ စိတ်ကူးထားတာတွေ မလုပ်ပေးလိုက်ရဘူး..။ အများကြီး အခုနောင်တ ရနေမိတယ်.။ မိဘကို ဖြည့်ဆည်းပေးချင်တာလေးတွေ ရှိရင် ချက်ချင်း လုပ်ပေးလိုက်ပါ.။ ဒီနေ့နဲ့မနက်ဖြန် မသေချာတာ မေ့သွားခဲ့လို့ နောင်တကြီးစွာရနေပါပြီ.။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ရုတ်တရက် ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူအတွက် လုပ်ပေးဖို့ ရည်ရွယ်ထားတဲ့ အရာလေးတွေကို မလုပ်ပေးနိုင်ခဲ့ရလို့ သူမကိုယ်တိုင် နောင်တတွေ ရနေခဲ့ရပြီး ပရိသတ်တွေလည်း သူမလို အဖြစ်မျိုး နဲ့ နောင်တမရစေဖို့ ဝမ်းနည်းနေတဲ့ စိတ်လေးနဲ့ သတိပေးတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း မိခင်ဖြစ်သူအတွက် ရည်ရွယ်ပြီး လုပ်မပေးနိုင်ခဲ့တဲ့ အရာတွေအတွက် နောင်တရ ဝမ်းနည်းနေတဲ့ ချောရတနာအတွက် အားပေးနှစ်သိမ့် စကားလေး ပြောပေးခဲ့ကြပါဦးနော်..။
Source: Chaw Yadanar’ s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!