Source: Zay Ye Htet ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ဖိနပ်နဲ့ ရိုက်ခံရတဲ့အထိကို ဒုက္ခမျိုးစုံခံခဲ့ရတဲ့ သူ့ရဲ့ သရုပ်ဆောင်ဘဝဖြတ်သန်းပုံကို ပြောပြလာတဲ့ ဇေရဲထက်
သရုပ်ဆောင် ဇေရဲထက်ကတော့ မြို့ပရိသတ်၊ နယ်ပရိသတ် အခိုင်အမာ ရရှိပြီး တောက်ပတဲ့ကြယ်ပွင့်တစ်ပွင့်အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဇေရဲထက်ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်မဖြစ်မီ တော်တော်လေး အခက်အခဲတွေဖြစ်ခဲ့ရပြီး ဒုက္ခတွေမျိုးစုံရောက်ခဲ့ဖူးတဲ့အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။
“(၁) ရုန်းကန်ဖူးတယ်။ (၂)ဖိနပ်နဲ့ရိုတ်ခံရဖူးတယ်။ (၃)သူများအိမ် (၇)လွှာမှာလည်းနေခဲ့ရတယ်။ တစ်လ (၅)သောင်းရအောင်ရှာပြီး အဆောင်နဲ့ထမင်းလခလေးပေးပြီးနေရဘူးတယ်။ (၄)ဖုန်းမရှိလို့ သူများဖုန်းနံပတ်လေးပေးပြီး အလုပ်ခေါ်ရင် ဆက်သွယ်ဖို့ ပြောရတာအမော (၅)အင်္ကျီမရှိလ်ု့ သူငယ်ချင်းတွေဆီကအင်္ကျီငှားပြီးရိုက်ဖူးတယ်။ (၆)နာမည်ရလာတာတောင်ကားမရှိ တက္ကစီ စီးပြီး တက္ကစီခကို calendar ရိုက်ပြီးပေးခဲ့ရတာရှိ။ (၇)ဂျာနယ်မဂ္ဂဇင်းတိုက်တွေသွားပြီးပုံလေးတွေကိုလိုက်ပို့ရတာ ဗိုက်တောင်ဆာ စားစရာမရှိ ရေတစ်ဘူးဝယ်သောက်ပြန်လာ။ (၈) vcd တစ်ခုရိုက်ရမယ်ဆိုပြီးဝမ်းသားအားရပိုက်ဆံရမယ်ထင်ပြီး လိုင်းကားလေးနဲ့အထုတ်လေးဆွဲပြီးပြေးရိုတ် ရိုက်ပြီးမှ နောက်နေ့မှ ပေးမယ်ဆိုတော့ လိုင်းကားခလေးတောင်းပြီးပြန်လာ ယမ်းယမ်နဲ့ နှစ်ပါးသွား။
“(၉)ပြောရင်ကျနော်ဇေရဲထက်ဖြစ်လာတာ မြန်တယ်လို့ပြောကြလိမ့်မယ်။ ကျနော်တွေ့ခဲ့တဲ့ဒုက္ခတွေက ထပ်ပြောရင် မွန်းကြပ်ပြီးဘယ်သူမှခံနိုင်မှာမဟုတ်ဘူး။ မှန်ထိုးမီးထိုးဘဝကတတ်လာရင်တောင် အချိန်တန်ရှုတင်ထမင်းဟင်းစားရပြီး သရုပ်ဆောင်တွေ အမူအရာလေ့ကျင့်လို့ရသေး။ အာ့ရိုင်ကွင်းထဲ ဝင်ရဖို့ ကြိုးစားခဲ့ရတာ ဘဝပျက်မတတ်ပါ။ အခုခေတ်လူငယ်လေးတွေကံကောင်းကြပါတယ်။ ဘာလို့လည်းဆိုတော့ ဆိုရှယ် မီဒီယာတွေ fb တွေက သုံးတတ်ရင်နာမည်ကြီးစေတယ်လေ။ ဒါပေမယ့် အရည်အချင်း ရှိအောင်ကြိုးစားရမှာက ကိုယ့်တာဝန်ပေါ့။”
“ဥပမာ ဟာသ လာမလား ရိုမန့်လာမလာ စာစပန့် လာမလား ဒရမ်မာလာမလား ဖိုတ်တင်လာမလား ဘာလာလာဒေါင်းမေဖို့အရေးကြီးတယ်လေ။ ကြိုးစားခဲ့ရပါတယ်။ အများကြီး ကျနော့်ရှေ့ကစီနီယာတွေလည်းကြိုးစားခဲ့ရမှာပါ။ အာ့တော့ ကျနော်ပြောချင်တာက နာမည်တခုရလာတာ မလွယ်သလို့ ဘယ်အရာမှ လွယ်လွယ်ကူကူမရဘူးဆိုတာပါပဲ။ သရုပ်ဆောင်ထဲ ဝင်တဲ့အချိန် တွေ့ကြုံရတဲ့အခက်အခဲ တွေထဲမှာ ဆယ်ပုံပုံရင်တစ်ပုံပါ။ အခုချိန်ထိ မိသားစုနဲ့အဝေးမှာ သူများသရုပ်ဆောင်တွေကြည့်ရင်း ဝမ်းနည်းမိတယ်။ ကိုယ့်ကိုကိုယ် သူတို့ဘေးမှာ သူတို့ကို ကာရံပေးမယ့် မိသားစုတွေက တံတိုင်းလို ကာရံပေးကြတယ်။ ကျွန်တော့ဘဝမှာ ကိုယ့်ဘာသာကိုယ်ကာရံနေရတာပါ။ ဖိုက်တင်း ဖိုက်တင်းဆိုပြီး ကိုယ့်ကိုကိုယ်အမြဲအားပေးခဲ့ ကွယ်ရာမှာကြိတ်ငိုခဲ့ရတာမနည်းပါဘူး။” ဆိုပြီး သနားစရာကောင်းတဲ့ သူ့ဘဝအကြောင်းကို ပြောပြလာပါတယ်။
ဇေရဲထက်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးရလာဖို့ တော်တော်လေး ကြိုးစားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဇေရဲထက်တစ်ယောက် မကြာခင် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးရပြီး ပရိသတ်တွေဆီ ရောက်ရှိလာဖို့ ဆုတောင်းလိုက်ပါတယ်။
Source: Zay Ye Htet ‘s fb
Bilie – Cele Connections
error: Alert: Content is protected !!