

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒီကနေ့လေးမှာပဲ အသက် (၄၁) နှစ် ပြည့်သွားပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ကတော့ ဆယ်ကျော်သက်အရွယ်က Rap သီချင်းတွေ သီဆိုခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုတွေ တဖွဲဖွဲရရှိနေဆဲ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သီချင်းဆိုတော်တဲ့ စိုင်းစိုင်းခမ်းလှိုင်က အခြား သရုပ်ဆောင်ပညာနဲ့ စာရေးခြင်းအတတ်ပညာတို့မှာလည်း ထူးချွန်ပြီး အောင်မြင်မှုတွေ ဆထက်တမ်းပိုး ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါပဲ။ အနုပညာလောကမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရပ်တည်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်ကို အားပေးတဲ့ ပရိသတ်တွေကလည်း အသက်အရွယ် မျိုးစုံမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ကတော့ သရုပ်ဆောင်နဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ဒီနှစ်မှာ အသက် (၄၁) နှစ် ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ဘယ်အသက်ဘယ်အရွယ်ပဲ ရောက်ရောက် သူ့ရဲ့ နုပျိုမှုကတော့ အံ့မခန်းလိလိကို ရှိနေဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းတစ်ယောက် မွေးနေ့ကစပြီး ဒီထက်မက အောင်မြင်တိုးတက်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း စိုင်းစိုင်းခမ်းလှိုင်အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦးနော်။

Source: Sai Sai Khan Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!