

 

 


 

 


 

 

ယူနီကုတ်ဖြင့်ဖတ်ရန်

” စိုင်းစိုင်းရဲ့ ပြန်မြင်ရခဲလှတဲ့ပုံရိပ်တစ်ခုနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ အဆိုတော်ငယ်ငယ်”

CeleConnections ပရိသတ်ကြီးရေ အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ HipHop အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ နှစ်တိုင်းစိုင်းစိုင်း Birthday Showပွဲကိုတစ်နိုင်ငံလုံးကအားပေးတဲ့ မိန်းကလေးပရိသတ်တွေကတော့ တကယ့်ကိုအများအပြားပါပဲနော်။

နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပျော်ပွဲရွှင်ပွဲတွေတော်တော်များများ ရပ်ဆိုင်းထားကြတာကြောင့် စိုင်းစိုင်းကလည်း သူ့ရဲ့ မွေးနေ့ Show ပွဲကို SaiSai Show in Bed Room ဆိုပြီး ကျင်းပမှာဖြစ်ပြီးစိုင်းစိုင်းရဲ့Sai Sai birthday showကိုနှစ်တိုင်း လာရောက်ဖျော်ဖြေပေးတဲ့အနုပညာရှင်တွေထဲမှာ သူ့ရဲ့ငယ်သူငယ်ချင်းများစွာပါဝင်ပါတယ်နော်။

လက်ရှိမှာလည်း စိုင်းစိုင်းရဲ့ အချစ်ဆုံးသူငယ်ချင်း အဆိုတော် ငယ်ငယ်ကတော့ ဒီနေ့မှာကျရောက်တဲ့ စိုင်းစိုင်းရဲ့ မွေးနေ့အတွက် ” Happy Birthday မောင်စိုင်း ” ဆိုတဲ့ စာလေးနဲ့အတူ အဆိုတော်လောကထဲဝင်ကာစ ပုံရိပ်ဟောင်းလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းလေးပေးခဲ့ပါဦးနော်။

Source: SaiSaiKhamLeng
Candy – CeleConnections

error: Alert: Content is protected !!