ခ်စ္သူရဲ့ ခ်ီးက်ဴးစကားတစ္ခြန္းေၾကာင့္ ဝမ္းသာၾကည္နူးေနတဲ့ ဥကၠာမင္းေမာင္

LGBT တစ္ေယာက္ျဖစ္တဲ့ သရုပ္ေဆာင္ ဥကၠာမင္းေမာင္က သူ့ကိုယ္သူ Gay တစ္ေယာက္ျဖစ္ေၾကာင့္ ပြင့္ပြင့္လင္းလင္း ေျပာဆိုထားသူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွျဖစ္ပြားေနတဲ့ ကပ္ေရာဂါေၾကာင့္ ဥကၠာမင္းေမာင္က အိမ္ထဲကအိမ္ျပင္မထြက္ရတာေၾကာင့္ ခ်စ္သူနဲ့ပဲ အခ်ိန္ကုန္ဆံုးေနတာ ျဖစ္ပါတယ္။ အျပင္မထြက္ရတဲ့ ခ်စ္သူကို ဆံပင္ေလးညွပ္ေပးခဲ့တဲ့ ဥကၠာမင္းေမာင္က ၾကည္နူးမဆံုးျဖစ္ေနတဲ့အေၾကာင္းကို အခုလို ေဝမွ်ထားပါတယ္။

 

“ဆံပင္ညႇပ္ဆိုင္ေတြအကုန္ပိတ္ေတာ့ အီေဖကိုယ္ပဲ သူ႔ဆံပင္ေတြညႇပ္ေပးရတာေပါ့။ဘယ္သူ႔ကိုမွ တခါမွ မညႇပ္ေပးဖူးဘူး။ ဘယ္သင္တန္းမွလဲ မတက္ဖူးဘူး။ မေကာင္းရင္ ကတုံးတုံးပစ္မယ္။ စိတ္ႀကိဳက္လုပ္တဲ့ဆိုလို႔ ကိုယ္လဲ ညႇပ္ပစ္တာေပါ့။ ၂ နာရီေလာက္ၾကာတယ္။ ပုံထြက္လာေတာ့ ညႇပ္ေပးတာ ႀကိဳက္တယ္တဲ့။ ဆံပင္ပဲညႇပ္စားပါလားတဲ့။ အဲ့လိုအားေပးတာ။ ဘာပဲျဖစ္ျဖစ္ကိုယ္ ညႇပ္ေပးတာေလးႀကိဳက္တယ္ဆိုေတာ့ ေပ်ာ္ပါတယ္။ ကတုံး မတုံးလိုက္ရလို႔ေတာ္ေသး။ ေၾသာ္ Covid19 ေၾကာင့္ကိုယ္လဲ ေနရင္းထိုင္ရင္း ဆံပင္ညႇပ္ဆရာျဖစ္ဖူးသြားၿပီ။” ဆိုျပီး အမွတ္တရေျပာလာပါတယ္။

 

 

ဥကၠာမင္းေမာင္ကေတာ့ ခ်စ္သူနဲ့ နိုင္ငံရပ္ျခားမွာ အတူတူေနထိုင္ရင္း နွစ္ေယာက္ေပါင္းဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ ဒီလိုအိမ္တြင္းေအာင္းေနရတဲ့ကာလမွာ ဘာအတတ္ပညာေတြ ကၽြမ္းက်င္သြားျပီလဲ ေျပာခဲ့ၾကဦးေနာ္။

 

 

Source: Okkar Min Maung ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်သူရဲ့ ချီးကျူးစကားတစ်ခွန်းကြောင့် ဝမ်းသာကြည်နူးနေတဲ့ ဥက္ကာမင်းမောင်

LGBT တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်က သူ့ကိုယ်သူ Gay တစ်ယောက်ဖြစ်ကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုထားသူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် ဥက္ကာမင်းမောင်က အိမ်ထဲကအိမ်ပြင်မထွက်ရတာကြောင့် ချစ်သူနဲ့ပဲ အချိန်ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ အပြင်မထွက်ရတဲ့ ချစ်သူကို ဆံပင်လေးညှပ်ပေးခဲ့တဲ့ ဥက္ကာမင်းမောင်က ကြည်နူးမဆုံးဖြစ်နေတဲ့အကြောင်းကို အခုလို ဝေမျှထားပါတယ်။

“ဆံပင်ညှပ်ဆိုင်တွေအကုန်ပိတ်တော့ အီဖေကိုယ်ပဲ သူ့ဆံပင်တွေညှပ်ပေးရတာပေါ့။ဘယ်သူ့ကိုမှ တခါမှ မညှပ်ပေးဖူးဘူး။ ဘယ်သင်တန်းမှလဲ မတက်ဖူးဘူး။ မကောင်းရင် ကတုံးတုံးပစ်မယ်။ စိတ်ကြိုက်လုပ်တဲ့ဆိုလို့ ကိုယ်လဲ ညှပ်ပစ်တာပေါ့။ ၂ နာရီလောက်ကြာတယ်။ ပုံထွက်လာတော့ ညှပ်ပေးတာ ကြိုက်တယ်တဲ့။ ဆံပင်ပဲညှပ်စားပါလားတဲ့။ အဲ့လိုအားပေးတာ။ ဘာပဲဖြစ်ဖြစ်ကိုယ် ညှပ်ပေးတာလေးကြိုက်တယ်ဆိုတော့ ပျော်ပါတယ်။ ကတုံး မတုံးလိုက်ရလို့တော်သေး။ သြော် Covid19 ကြောင့်ကိုယ်လဲ နေရင်းထိုင်ရင်း ဆံပင်ညှပ်ဆရာဖြစ်ဖူးသွားပြီ။” ဆိုပြီး အမှတ်တရပြောလာပါတယ်။

ဥက္ကာမင်းမောင်ကတော့ ချစ်သူနဲ့ နိုင်ငံရပ်ခြားမှာ အတူတူနေထိုင်ရင်း နှစ်ယောက်ပေါင်းဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီလိုအိမ်တွင်းအောင်းနေရတဲ့ကာလမှာ ဘာအတတ်ပညာတွေ ကျွမ်းကျင်သွားပြီလဲ ပြောခဲ့ကြဦးနော်။

Source: Okkar Min Maung ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!