“Covid 19 ဗိုင္းရပ္စ္နဲ႕ပတ္သက္ၿပီး တာဝန္က် ဆရာဝန္နဲ႕ က်န္းမာေရးဝန္ထမ္းေတြအတြက္ လိုအပ္တဲ့ Equipments ေတြကို သိန္း(၄၂)ေက်ာ္ဖိုး လွဴဒါန္းခဲ့တဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳနဲ႕We Love CMMC”

Myanmar Idol Season(4)ရဲ႕ Runner Up တစ္ဦးျဖစ္သူ ခ်မ္းေျမ့ေမာင္ခ်ိဳကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရရွိခဲ့တဲ့ ေမာင္ခ်ိဳေလးကေတာ့ ကိုယ္ပိုင္ တစ္ကိုယ္ေတာ္အေခြ ထြက္ရွိၿပီး ေရာင္းအားအေကာင္းဆံု နံပါတ္(၁)ေနရာကို ရရွိထားသူပဲျဖစ္ပါတယ္..။ လက္ရွိမွာ အနုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း ေက်ာင္းပညာေရးကိုလည္း သင္ယူေနတာပါ..။ လက္ရွိျဖစ္ေနတဲ့ ဗိုင္းရပ္စ္ေၾကာင့္ လႈပ္ရွား လုပ္ေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ လိုအပ္တဲ့ Equipments ေတြကို လွဴဒါန္းဖုိ႕အတြက္ မတ္လ (၂၈)ရက္ေန႕ကေန စတင္ကာ We Love CMMC’s မွာ အလွဴေငြ ေကာက္ခံခဲ့ၿပီး ဒီေန႕ဧၿပီလ (၉)ရက္ေန႕မွာေတာ့ ေကာက္ခံရရွိတဲ့ အလွဴေငြေတြကို ေဆးတကၠသိုလ္(၁) ေက်ာင္းသားသမဂၢမွ တစ္ဆင့္ လွဴဒါန္းခဲ့တဲ့ အေၾကာင္းေလးကို “Covid-19 နဲ႔ပတ္သက္ၿပီး ေဆး႐ုံမွာ တာဝန္က်တဲ့ ဆရာဝန္မ်ား က်န္းမာေရးဝန္ထမ္းမ်ား အတြက္ လိုအပ္တဲ့ equipments ေတြ လွဴဒါန္းဖို႔ အတြက္ကို ေမာင္ခ်ိဳတို႔ မတ္လ (၂၈) ရက္ေန႔ကစပီးေတာ့ အလွဴေငြမ်ား ေကာက္ခံခဲ့ပါတယ္.။

 

 

ယေန႔အထိ အလွဴေငြေတြ ေကာက္ခံၿပီးေတာ့ ရလာတဲ့ total ကေတာ့…မတ္လ (၂၈) ရက္ – ဧၿပီလ (၉)ရက္..We Love CMMC’s.. Covid 19 Donation .. GRAND TOTAL = 4,224,400 Ks ယေန႔ထိ ရရွိထားတဲ့ အလွဴေငြမ်ားကို ပိတ္ရက္အတြင္း အသုံးျပဳႏိုင္ရန္ ေဆးတကၠသိုလ္ (၁) ေက်ာင္းသားသမဂၢမွ တဆင့္ လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။ ယခုရသေလာက္ပဲ အရင္လႉထားတာျဖစ္လို႔ ထပ္မံလွဴဒါန္းခ်င္သူမ်ားကလည္း ဧၿပီလကုန္ထိ ဆက္လက္လွဴဒါန္းႏိုင္ပါတယ္ေနာ္..။ အေကာင့္မ်ားထံ လႊဲေပးလို႔ရရွိသလို လႊဲၿပီးသား slip မ်ားကို ေမာင္ခ်ိဳမွ အပ သက္ဆိုင္ရာ Bank Acc ပိုင္ရွင္မ်ားထံေပးပို႔ေပးၾကဖို႔လည္း တစ္ခါထဲ ေမတၱာရပ္ခံခ်င္ပါတယ္ .။ ဒါမွ စာရင္းျပန္စစ္ဖို႔လြယ္ကူမွာျဖစ္ပါတယ္.။ ေမာင္ခ်ိဳတို႔ အလွဴေငြမ်ားကို ယခုလ ဧၿပီလကုန္ အထိ ေကာက္ခံမွာျဖစ္လို႔ အလွဴေငြမ်ား နည္းမ်ားမဆိုကုသိုလ္ယူပါဝင္ႏိုင္ပါတယ္..။

 

 

 

ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ။ ျမန္မာျပည္ႀကီးနဲ႔ ကမာၻသူကမာၻသားအားလုံးအဆင္ေျပၾကပါေစ။ အလွဴေငြထည့္ထားေသာသူမ်ားအားလုံး နတ္လူသာဓု ေခၚေစေသာ္ ..။” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ေမာင္ခ်ိဳကေတာ့ အခုလက္ခံရရွိခဲ့တဲ့ အလွဴေငြသိန္း (၄၂)ေက်ာ္ကို လွဴဒါန္းခဲ့ၿပီး ဧၿပီလကုန္တဲ့အထိ အလွဴေငြ ေကာက္ခံမႈကို လုပ္ေဆာင္သြားမယ္ အေၾကာင္းကို တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ခ်မ္းေျမ့ေမာင္ခ်ိဳနွင့္ WE Love CMMCတို႕ရဲ႕ Covid 19 Donation အလွဴအတြက္ သာဓု ေခၚေပးသြားၾကပါဦးေနာ္..။
Source: Chan Myae Mg Cho’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“Covid 19 ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တာဝန်ကျ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ Equipments တွေကို သိန်း(၄၂)ကျော်ဖိုး လှူဒါန်းခဲ့တဲ့ ချမ်းမြေ့မောင်ချိုနဲ့We Love CMMC”

Myanmar Idol Season(4)ရဲ့ Runner Up တစ်ဦးဖြစ်သူ ချမ်းမြေ့မောင်ချိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ မောင်ချိုလေးကတော့ ကိုယ်ပိုင် တစ်ကိုယ်တော်အခွေ ထွက်ရှိပြီး ရောင်းအားအကောင်းဆုံ နံပါတ်(၁)နေရာကို ရရှိထားသူပဲဖြစ်ပါတယ်..။ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ကျောင်းပညာရေးကိုလည်း သင်ယူနေတာပါ..။ လက်ရှိဖြစ်နေတဲ့ ဗိုင်းရပ်စ်ကြောင့် လှုပ်ရှား လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ Equipments တွေကို လှူဒါန်းဖို့အတွက် မတ်လ (၂၈)ရက်နေ့ကနေ စတင်ကာ We Love CMMC’s မှာ အလှူငွေ ကောက်ခံခဲ့ပြီး ဒီနေ့ဧပြီလ (၉)ရက်နေ့မှာတော့ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂမှ တစ်ဆင့် လှူဒါန်းခဲ့တဲ့ အကြောင်းလေးကို “Covid-19 နဲ့ပတ်သက်ပြီး ဆေးရုံမှာ တာဝန်ကျတဲ့ ဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများ အတွက် လိုအပ်တဲ့ equipments တွေ လှူဒါန်းဖို့ အတွက်ကို မောင်ချိုတို့ မတ်လ (၂၈) ရက်နေ့ကစပီးတော့ အလှူငွေများ ကောက်ခံခဲ့ပါတယ်.။

 

 

 

ယနေ့အထိ အလှူငွေတွေ ကောက်ခံပြီးတော့ ရလာတဲ့ total ကတော့…မတ်လ (၂၈) ရက် – ဧပြီလ (၉)ရက်..We Love CMMC’s.. Covid 19 Donation .. GRAND TOTAL = 4,224,400 Ks ယနေ့ထိ ရရှိထားတဲ့ အလှူငွေများကို ပိတ်ရက်အတွင်း အသုံးပြုနိုင်ရန် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂမှ တဆင့် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ယခုရသလောက်ပဲ အရင်လှူထားတာဖြစ်လို့ ထပ်မံလှူဒါန်းချင်သူများကလည်း ဧပြီလကုန်ထိ ဆက်လက်လှူဒါန်းနိုင်ပါတယ်နော်..။ အကောင့်များထံ လွှဲပေးလို့ရရှိသလို လွှဲပြီးသား slip များကို မောင်ချိုမှ အပ သက်ဆိုင်ရာ Bank Acc ပိုင်ရှင်များထံပေးပို့ပေးကြဖို့လည်း တစ်ခါထဲ မေတ္တာရပ်ခံချင်ပါတယ် .။ ဒါမှ စာရင်းပြန်စစ်ဖို့လွယ်ကူမှာဖြစ်ပါတယ်.။ မောင်ချိုတို့ အလှူငွေများကို ယခုလ ဧပြီလကုန် အထိ ကောက်ခံမှာဖြစ်လို့ အလှူငွေများ နည်းများမဆိုကုသိုလ်ယူပါဝင်နိုင်ပါတယ်..။

ကျေးဇူးအများကြီးတင်ပါတယ် ။ မြန်မာပြည်ကြီးနဲ့ ကမ္ဘာသူကမ္ဘာသားအားလုံးအဆင်ပြေကြပါစေ။ အလှူငွေထည့်ထားသောသူများအားလုံး နတ်လူသာဓု ခေါ်စေသော် ..။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ မောင်ချိုကတော့ အခုလက်ခံရရှိခဲ့တဲ့ အလှူငွေသိန်း (၄၂)ကျော်ကို လှူဒါန်းခဲ့ပြီး ဧပြီလကုန်တဲ့အထိ အလှူငွေ ကောက်ခံမှုကို လုပ်ဆောင်သွားမယ် အကြောင်းကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ချမ်းမြေ့မောင်ချိုနှင့် WE Love CMMCတို့ရဲ့ Covid 19 Donation အလှူအတွက် သာဓု ခေါ်ပေးသွားကြပါဦးနော်..။
Source: Chan Myae Mg Cho’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!