

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“Covid-19ဖြစ်နေချိန်မှာ ဝိတ်မချဖို့နဲ့ ကျန်းမာရေးကို အရင်ကထက်ပိုဂရုစိုက်စေချင်တဲ့အကြောင်း တိုက်တွန်းလိုက်တဲ့ ခင်လေးနွယ်”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ ခင်လေးနွယ်ကို ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခင်လေးနွယ်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ ခင်လေးနွယ်ဟာဆိုရင် အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

ခင်လေးနွယ်ရဲ့ အချစ်ရေးကတော့ သိပ်မကြာသေးခင်ကမှ         ချစ်ရတဲ့သူနဲ့ Romenticဆန်ဆန်ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့မှာ Official ချပြခဲ့တဲ့သူတစ်ဦးပါ။ သူမကတော့ အခုလတ်တလောမှာ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပြီး အမှတ်တရပုံရိပ်လေးတွေတင်ပေးလေ့ရှိပါတယ်။ ခင်လေးနွယ်က ” သတင်းကောင်းလေးကြားရလို့ စိတ်ချမ်းသာနေတာ ဒါပေမယ့် မပေါ့ကြနဲ့နော်။ အရင်ကထက်ပို ဂရုစိုက်ဖို့လိုပါတယ်။ မလိုအပ်ပဲ အပြင်မထွက်နဲ့ လက်ဆေးပါ၊Maskတပ်ပါ၊ ကျန်းမာအောင်နေပါ၊ ဝိတ်မလျော့ပါနဲ့ ကျွန်မလို မနက် ည ထမင်းစားကြပါ။ အဲ့ဒါမှ အားလုံးတူတူဝကြမယ်လေနော် “လို့ဆိုကာ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။       သူမရဲ့ချစ်ရတဲ့ပရိသတ်တွေအတွက်         ကိုဗစ်ကာကွယ်မှုနဲ့ ကျန်းမာရေးဂရုစိုက်မှုကို ပြောပြကာ တင်ပေးလိုက်တာပါပဲနော်။

CeleConnectionsပရိသတ်တွေအတွက် ခင်လေးနွယ်ရဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး တိုက်တွန်းမှုလေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း ခင်လေးနွယ်လေးကို ချစ်တယ်ဆိုရင် ကာကွယ်မှုလေးတွေကို လိုက်နာကြမယ်ထင်ပါတယ်။

Soure… Khin Lay Nwe’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!