“Birthday Show ေတာင္ မလုပ္ရေသးခင္မွာေတာင္ လွဴဒါန္းမယ့္ ရံပံုေငြ သိန္း(၅၀၀)ေက်ာ္ ရရွိေနၿပီဆိုတဲ့ စိုင္းစိုင္း”

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ အဆိုေတာ္ စိုင္းစိုင္းခမ္းလိႈင္ကုိေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိပိုင္ဆိုင္ထား တဲ့ စိုင္းစိုင္းကေတာ့ သူ႕ရဲ႕ ေမြးေန႕ေရာက္တိုင္းမွာ ပရိသတ္ေတြနဲ႕ အျပင္မွာ ေတြ႕ဆံုရင္း Sai Sai Birthday Show ကို နွစ္တိုင္း က်င္းပေလ့ရွိသူပါ..။ ဒီနွစ္မွာေတာ့ တစ္ကမၻာလံုးပ်ံ႕နွံ႕ေနတဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ သူ႕ရဲ႕ ေမြးေန႕ Showေလးကို အိပ္ခန္းထဲမွာပဲ Sai Sai Pay မွတစ္ဆင့္ အခမဲ့ထုတ္လႊင့္ေပးမွာျဖစ္ၿပီး ကပ္ေရာဂါေၾကာင့္ လိုအပ္ေနတဲ့ ေနရာေတြကို လွဴဖို႕ ရံပံုေငြ ေကာက္ခံသြားမယ္ အေၾကာင္းေလးကို “မနက္ျဖန္  ေမြးေန႔ေရာက္ၿပီ.။

 

 

ခါတိုင္းဒီအခ်ိန္ဆို ႀကိဳတင္လက္မွတ္ Sold Out ဘာညာေပါ့.။ ဒီႏွစ္ အိမ္တြင္းပုန္း Birthday Show ကို SAISAI PAY ကေန အခမဲ့ထုတ္လႊင့္ၿပီး ကပ္ေရာဂါေၾကာင့္လိုအပ္ေနတဲ့ေနရာေတြလႉဖို႔ ရံပုံေငြ အလွဴခံမွာျဖစ္ပါတယ္.။ ကၽြန္ေတာ္ Brand Ambassador အျဖစ္ တာဝန္ထမ္းေနတဲ့ SAMSUNG ကေနၿပီး ေငြက်ပ္ သိန္း(၃၀) ၊ UAB Bank က ေငြက်ပ္ သိန္း (၂၀၀) ၊ UAB Bank ရဲ႕ CEO Mr. Loh က သိန္း (၅၀)၊ UAB Bank ရဲ႕ Deputy CEO မေက်ာ့က သိန္း (၂၀) ထပ္ၿပီး လွဴတဲ့အတြက္ ဒီႏွစ္ Birthday Show ကေန စုစုေပါင္း သိန္း (၅၀၀) ေက်ာ္ စတင္ရရွိေနပါၿပီ.။ ပရိသတ္မ်ားအားလုံးလည္း SAISAI SHOW ၾကည့္တဲ့အခါ လွဴဒါန္းၾကပါခင္ဗ်ာ.။ ေက်းဇူးတင္ပါတယ္.။ Sai Sai Kham Leng.. BdayShow20 BirthdayShowinBedroom”ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

စိုင္းစိုင္းကေတာ့ Birthday Show ေတာင္မက်င္းပရေသးခင္ေလးမွာေတာင္ ရံပံုေငြ (၅၀၀)ေက်ာ္ကို လွဴဒါန္းဖို႕အတြက္ ရရွိေေနပါၿပီတဲ့ ေနာ္ ပရိသတ္ႀကီးေရ..။ Cele Connections ပရိသတ္ႀကီးေရာ မနက္ျဖန္ ဧၿပီလ (၁၀)ရက္ေန႕မွာ က်ေရာက္တဲ့ စိုင္းစိုင္းရဲ႕ေမြးေန႕ရိႈးေလးကို ေစာင့္ၾကည့္ဖို႕ အဆင္သင့္ျဖစ္ေနၾကၿပီလား..။ စိုင္းစိုင္းကို အားေပး ရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ပါဦးေနာ္..။
Source: Sai Sai Kham Leng’ s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“Birthday Show တောင် မလုပ်ရသေးခင်မှာတောင် လှူဒါန်းမယ့် ရံပုံငွေ သိန်း(၅၀၀)ကျော် ရရှိနေပြီဆိုတဲ့ စိုင်းစိုင်း”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထား တဲ့ စိုင်းစိုင်းကတော့ သူ့ရဲ့ မွေးနေ့ရောက်တိုင်းမှာ ပရိသတ်တွေနဲ့ အပြင်မှာ တွေ့ဆုံရင်း Sai Sai Birthday Show ကို နှစ်တိုင်း ကျင်းပလေ့ရှိသူပါ..။ ဒီနှစ်မှာတော့ တစ်ကမ္ဘာလုံးပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သူ့ရဲ့ မွေးနေ့ Showလေးကို အိပ်ခန်းထဲမှာပဲ Sai Sai Pay မှတစ်ဆင့် အခမဲ့ထုတ်လွှင့်ပေးမှာဖြစ်ပြီး ကပ်ရောဂါကြောင့် လိုအပ်နေတဲ့ နေရာတွေကို လှူဖို့ ရံပုံငွေ ကောက်ခံသွားမယ် အကြောင်းလေးကို “မနက်ဖြန် မွေးနေ့ရောက်ပြီ.။

ခါတိုင်းဒီအချိန်ဆို ကြိုတင်လက်မှတ် Sold Out ဘာညာပေါ့.။ ဒီနှစ် အိမ်တွင်းပုန်း Birthday Show ကို SAISAI PAY ကနေ အခမဲ့ထုတ်လွှင့်ပြီး ကပ်ရောဂါကြောင့်လိုအပ်နေတဲ့နေရာတွေလှူဖို့ ရံပုံငွေ အလှူခံမှာဖြစ်ပါတယ်.။ ကျွန်တော် Brand Ambassador အဖြစ် တာဝန်ထမ်းနေတဲ့ SAMSUNG ကနေပြီး ငွေကျပ် သိန်း(၃၀) ၊ UAB Bank က ငွေကျပ် သိန်း (၂၀၀) ၊ UAB Bank ရဲ့ CEO Mr. Loh က သိန်း (၅၀)၊ UAB Bank ရဲ့ Deputy CEO မကျော့က သိန်း (၂၀) ထပ်ပြီး လှူတဲ့အတွက် ဒီနှစ် Birthday Show ကနေ စုစုပေါင်း သိန်း (၅၀၀) ကျော် စတင်ရရှိနေပါပြီ.။ ပရိသတ်များအားလုံးလည်း SAISAI SHOW ကြည့်တဲ့အခါ လှူဒါန်းကြပါခင်ဗျာ.။ ကျေးဇူးတင်ပါတယ်.။ Sai Sai Kham Leng.. BdayShow20 BirthdayShowinBedroom”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

စိုင်းစိုင်းကတော့ Birthday Show တောင်မကျင်းပရသေးခင်လေးမှာတောင် ရံပုံငွေ (၅၀၀)ကျော်ကို လှူဒါန်းဖို့အတွက် ရရှိေနေပါပြီတဲ့ နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးရော မနက်ဖြန် ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ စိုင်းစိုင်းရဲ့မွေးနေ့ရှိုးလေးကို စောင့်ကြည့်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား..။ စိုင်းစိုင်းကို အားပေး ရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ပါဦးနော်..။
Source: Sai Sai Kham Leng’ s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!