ယူနီကုဒ်ဖြင့် ဖတ်ရန်
“အေးတိအေးစက်ပုံဖြစ်နေပေမယ့် စိတ်ခံစားလွယ်တဲ့သူပါလို့ ဝမ်းနည်းမှုတွေကို ရင်ဖွင့်လာတဲ့ အောင်မင်းခန့်”
MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ မင်းသားချောလေး အောင်မင်းခန့်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။အောင်မင်းခန့်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေနဲ့ သိမ်းပိုက်ထားသူပဲဖြစ်ပါတယ်..။ ကာရိုက်တာတိုင်းအတွက် စိတ်နှစ်ကာ သရုပ်ဆောင်တတ်ပြီး အေးဆေးစွာ နေတတ်တဲ့ သူ့ရဲ့ အပြုအမူလေးတွေက ပရိသတ်တွေ အချစ်ပိုစေတဲ့ အချက်လေးဖြစ်မယ် ထင်ပါတယ်နော်..။
အောင်မင်းခန့်က သူ့ရဲ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ အနုပညာအလုပ်အကြောင်းတွေကလွဲလို့ သူ့ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး တင်လေ့မရှိတဲ့ အောင်မင်းခန့်က ဧပြီလ(၉)ရက်နေ့မှာတော့ “ကျွန်တော့စိတ်က တစ်ခုခုဆို ညစ်တာမြန်တယ်..။ ခံစားလွယ်တယ်..။ လူပုံကြည့်တော့ အေးတိ အေးစက်ပုံနဲ့” ဆိုပြီး သူ့ရဲ့ မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်..။
တော်ရုံ စိတ်ခံစားချက်တွေကို ရင်ဖွင့်လေ့မရှိဘဲ မခံစားနိုင်လွန်းလို့ သူ့ရဲ့ မိုင်ဒေးလေးမှာ တင်ကာ ရင်ဖွင့်ခဲ့ပုံ ပေါ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း အောင်မင်းခန့်ကို အားပေးရင် မှတ်ချက်စကားလေးတွေ ရေးပေးးခဲ့ပါဦးနော်..။
Source: Aung Min Khant’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!