ေတာင္ဒဂံုမွာ အလွဴသြားလုပ္ရင္း ဒုစရိုက္ေခါင္းေဆာင္လို့ အေခၚခံရတဲ့ သူ့ရဲ့အျဖစ္ကို ေျပာျပလာတဲ့ ယုန္ေလး

သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ယုန္ေလးက ေနာက္ပိုင္းမွာ ကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ရုပ္ရွင္ဇာတ္ကားေတြကို ရို္က္ကူးေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလး ရုိက္ကူးခဲ့တဲ့ “သတိ အႏၱရာယ္ရိွသည္”၊ “Original Gangster”၊ “Special 9” စတဲ့ ရုပ္ရွင္ဇာတ္ကားေတြကလည္း ေအာင္ျမင္မႈရရိွျပီး ပရိသတ္အားေပးမႈကို ရရိွခဲ့တာ ျဖစ္ပါတယ္။ အက္ရွင္ဇာတ္ကားေတြနဲ့ ေအာင္ျမင္ခဲ့တဲ့ ယုန္ေလးက ဒီေန့မွာေတာ့ အလွဴတစ္ခုသြားလုပ္ရင္း ရယ္စရာအျဖစ္တစ္ခုၾကံဳခဲ့ရေၾကာင္း ေျပာျပထားပါတယ္။

 

“ေတာင္ဒဂံုဘက္ ဒီေန႔ ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္၊ Veve လိုက္လွဴတာ။ ရပ္ကြက္ထဲက အေဒၚႀကီး ေပးတာ နာမည္အသစ္ရ။ ေဘးနားက ညီေလးက Gangster တဲ့။ အဲ့အေဒၚႀကီးက ဟိုမွာ ဟိုမွာ ယုန္ေလး ဒုစရိုက္ ေခါင္းေဆာင္ ဒုစရိုက္ေခါင္းေဆာင္တဲ့”ဆိုျပီး ရယ္စရာအျဖစ္အပ်က္နဲ့ ၾကံဳခဲ့ရပါတယ္။

 

 

ယုန္ေလးကေတာ့ အက္ရွင္ဇာတ္ကားေတြကို အရိုက္မ်ားသူမို့ သူ့ရဲ့ ပရိသတ္ေတြက လူဆိုး၊ လူၾကမ္းၾကီးတစ္ေယာက္အျဖစ္ အျမင္မ်ားရာမွ အခုလို ရယ္စရာေတြ ျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ယုန္ေလးတစ္ေယာက္ အန္တီၾကီးရဲ့စကားေၾကာင့္ ရယ္ရခက္၊ ငိုရခက္ျဖစ္ခဲ့ရမွာပဲေနာ္။

 

 

Source: Yone Lay’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တောင်ဒဂုံမှာ အလှူသွားလုပ်ရင်း ဒုစရိုက်ခေါင်းဆောင်လို့ အခေါ်ခံရတဲ့ သူ့ရဲ့အဖြစ်ကို ပြောပြလာတဲ့ ယုန်လေး

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယုန်လေးက နောက်ပိုင်းမှာ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ယုန်လေး ရိုက်ကူးခဲ့တဲ့ “သတိ အန္တရာယ်ရှိသည်”၊ “Original Gangster”၊ “Special 9” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း အောင်မြင်မှုရရှိပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ ယုန်လေးက ဒီနေ့မှာတော့ အလှူတစ်ခုသွားလုပ်ရင်း ရယ်စရာအဖြစ်တစ်ခုကြုံခဲ့ရကြောင်း ပြောပြထားပါတယ်။

“တောင်ဒဂုံဘက် ဒီနေ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ Veve လိုက်လှူတာ။ ရပ်ကွက်ထဲက အဒေါ်ကြီး ပေးတာ နာမည်အသစ်ရ။ ဘေးနားက ညီလေးက Gangster တဲ့။ အဲ့အဒေါ်ကြီးက ဟိုမှာ ဟိုမှာ ယုန်လေး ဒုစရိုက် ခေါင်းဆောင် ဒုစရိုက်ခေါင်းဆောင်တဲ့”ဆိုပြီး ရယ်စရာအဖြစ်အပျက်နဲ့ ကြုံခဲ့ရပါတယ်။

ယုန်လေးကတော့ အက်ရှင်ဇာတ်ကားတွေကို အရိုက်များသူမို့ သူ့ရဲ့ ပရိသတ်တွေက လူဆိုး၊ လူကြမ်းကြီးတစ်ယောက်အဖြစ် အမြင်များရာမှ အခုလို ရယ်စရာတွေ ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယုန်လေးတစ်ယောက် အန်တီကြီးရဲ့စကားကြောင့် ရယ်ရခက်၊ ငိုရခက်ဖြစ်ခဲ့ရမှာပဲနော်။

Source: Yone Lay’s fb
Bilie – Cele Connections

error: Alert: Content is protected !!