ယူနီကုဒ်ဖြင့်ဖတ်ရန်
စေတနာအပြည့်နဲ့ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေနဲ့ ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးမယ်ဆိုတဲ့ Sinon Loresca
ဖိလစ်ပိုင်သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကို မြန်မာပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အလုပ်ကိစ္စနဲ့ မြန်မာနိုင်ငံကို လာရောက်ရာမှ မြန်မာလူမျိုးတွေကို ချစ်ခင်ပြီး ဒီမှာ အခြေချနေထိုင်နေတဲ့ Sinon Loresca က အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Sinon က သူကိုယ်တိုင် လက်စွမ်းပြထားတဲ့ ဟင်းလျာတွေကို လိုက်လံဝေငှပေးသွားမှာ ဖြစ်ပါတယ်။
“ဒီနေ့မှာတော့ ကျတော့်ချစ်ရ‌တဲ့သူတို့အတွက် ဟင်းလျာလေးတစ်ခွက်ချက်ထားပါတယ် သူတို့ကိုဒီဟင်းလျာလေးက ပျော်ရွှင်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်မယ်လို့မျှောင့်လင့်ပါတယ်။ ချစ်တယ်။” ဆိုပြီး ဟင်းလျာတွေကို သေသေချာချာလေး ချက်ပြုတ်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။
Sinon ကတော့ ဘာလေးပဲလှူလှူ စေတနာအပြည့်နဲ့ကို လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Sinon Loresca ရဲ့ ကောင်းမှုလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။
Source: Sinon Loresca’s fb
Bilie – Cele Connections
error: Alert: Content is protected !!