“ဧၿပီလ (၁၀)ရက္ေန႕မွာ စတင္မယ့္ ျပည္သူေတြအတြက္ စားနပ္ရိကၡာ ကူညီျဖန္႔ျဖဴး အစီအစဥ္ကို ေလာဘ မထားဘဲ ဝိုင္းဝန္းကူညီၾကဖုိ႕ တိုက္တြန္းလိုက္တဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္”

ျမန္မာနိုင္ငံရဲ႕ နုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးေလးစားၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ အေမစုကေတာ့ လက္ရွိ ျမန္မာနိုင္ငံ မွာ ပ်ံ႕နွံ႕ကူးစက္လာခဲ့တဲ့ ဗိုင္းရပ္စ္ အႏၱရာယ္ေၾကာင့္ ျပည္သူေတြနဲ႕ တစ္သားတည္း ျဖစ္ၿပီး သတင္းအခ်က္အလက္ မွ်ေဝနိုင္ဖို႕အတြက္ သူမရဲ႕ Facebook Account ကို ဧၿပီလ (၁)ရက္ေန႕မွာ စတင္ အသံုးျပဳခဲ့တာပဲျဖစ္ပါတယ္..။ လက္ရွိမွာ ျဖစ္ပြားပ်ံ႕ႏွံ႕ေနတဲ့ ဗိုင္းရပ္စ္ေၾကာင္ ေသဆံုးသူ ျပည္သူ (၃)ဦး ထိရွိခဲ့ၿပီး ကူးစက္ေသဆံုးခဲ့တဲ့ ျပည္သူ(၃)ဦးဟာလည္း ေရာဂါအခံရွိခဲ့ကာ ကို္ယ္ခံအားနည္းျခင္းေၾကာင့္ တြန္းလွန္ဖုိ႕ အားနည္းသြားတဲ့အေၾကာင္းကို အေမစုက ဒီေန႕ (၉)ရက္ေန႕မွာေတာ့ “ကိုယ္ခံအား” ဆိုတဲ့ စာသားေလး ခုတေလာ ခဏခဏ ေခါင္းထဲ ေရာက္လာ ပါတယ္။ COVID-19ေၾကာင့္ ကြၽန္မတို႔ ျပည္သူ (၃)ဦး ဆုံးပါး သြား ရရွာ ပါၿပီ။ ကြယ္လြန္ သြားသူ (၃)ဦးလုံး ေရာဂါအခံေတြရွိၾကပါတယ္။ ဒါ့ေၾကာင့္ COVID ကို တြန္းလွန္ဖို႔ အားနည္း သြား ပါတယ္။ ကိုယ္ခံအား နည္းတယ္ ဆိုတဲ့ သေဘာ ပါ။ ေရာဂါအခံ ရွိသူေတြ၊ သက္ႀကီး ႐ြယ္အိုေတြ ကိုယ္ခံအား နည္းတယ္လို႔ သိေနၾကမယ္ လို႔  ထင္ပါတယ္။

 

 

အေနအထိုင္၊ အစား အေသာက္ မဆင္ျခင္ရင္ လည္း ကိုယ္ခံအား က်ႏိုင္တယ္ ဆိုတာ မေမ့ၾက ပါနဲ႔။ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ပါ။ ျပည္သူ တစ္ဦးခ်င္းဟာ ႏိုင္ငံ အတြက္ တန္ဖိုး ရွိပါတယ္။ ျပည္သူေတြရဲ႕ စုေပါင္း အင္အားက ႏိုင္ငံရဲ႕ ကိုယ္ခံစြမ္းအား ပါဘဲ။ မနက္ျဖန္ ကြၽန္မတို႔ႏိုင္ငံ တဝွမ္း ပုံမွန္ ဝင္ေငြ မရွိတဲ့ အေျခခံ လူတန္းစား ျပည္သူေတြ အတြက္ စားနပ္ရိကၡာ ကူညီျဖန္႔ျဖဴးတဲ့ အစီအစဥ္ စပါမယ္။ တစ္ခါမွ် မ လုပ္ဖူးတဲ့ စီမံကိန္းႀကီးမ်ိဳးပါ။ သံမဏိခ်ိန္းႀကိဳး တစ္ႀကိဳးရဲ႕ အင္အားဟာ ႀကိဳးရဲ႕အေပ်ာ့ဆုံးကြင္းရဲ႕ အားေလာက္သာရွိတယ္ လို႔ဆိုပါတယ္။ ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ ကိုယ္ ခံ စြမ္းအားရဲ႕အတိုင္းအတာကို၊ အားအနည္းဆုံးျပည္သူ ေတြကို ေစာင့္ေရွာက္ႏိုင္တဲ့အတိုင္းအတာကျပပါတယ္။ရိကၡာ ျဖန္႔ျဖဴးေရးအစီအစဥ္ ေအာင္ျမင္ဖို႔ ဝိုင္းဝန္း ကူညီ ေပး ၾကပါ။ ေစတနာဟာ ေဝဒနာ မျဖစ္ရေအာင္၊ စည္းစနစ္နဲ႔ ေလာဘ ေဒါသေတြကို ဟန္႔တားေပးၾကပါ။ လိုအပ္ေနသူ မည္သူကိုမွ် မခ်န္ထား ပါဘူး။

 

 

ေစာင့္ရတာေလးေတြရွိရင္ သည္းခံ စိတ္ရွည္ ေပးၾကပါ။ကြၽန္မတို႔ ရင္ဆိုင္ရမဲ့ စိန္ေခၚမႈေတြကို အားလုံးအတူ ႏိုင္ငံရဲ႕ ကိုယ္ခံအား ေမြးၿပီး ေက်ာ္လႊားၾကရေအာင္။ ဒီmessageကို အႂကြားေလးနဲ႔ အဆုံးသတ္ပါရေစ။ ကြၽန္မ mask ခ်ဳပ္လို႔ၿပီးပါၿပီ။ေအာက္မွာ ၾကည့္ပါ။” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ အေမစုကေတာ့ ေသဆံုးသြားတဲ့ ျပည္သူ(၃)ဦးအတြက္ စိတ္မေကာင္းျဖစ္ရၿပီး ျပည္သူအတြက္ ဧၿပီလ (၁၀)ရက္ေန႕ကေန စတင္လုပ္ေဆာင္ေတာ့မယ့္ စားနပ္ရိကၡာ ကူညီျဖန္႔ျဖဴးတဲ့ အစီအစဥ္ကိုလည္း ျပည္သူေတြက ပါဝင္ကူညီလုပ္ေဆာင္ကာ ေက်ာ္လႊားၾကဖို႕ တိုက္တြန္းစကားဆိုလိုက္တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမွာတိုက္တြန္းစကားေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source:Aung San Suu Kyi’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ဧပြီလ (၁၀)ရက်နေ့မှာ စတင်မယ့် ပြည်သူတွေအတွက် စားနပ်ရိက္ခာ ကူညီဖြန့်ဖြူး အစီအစဉ်ကို လောဘ မထားဘဲ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်”

မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးလေးစားပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အမေစုကတော့ လက်ရှိ မြန်မာနိုင်ငံ မှာ ပျံ့နှံ့ကူးစက်လာခဲ့တဲ့ ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်ပြီး သတင်းအချက်အလက် မျှဝေနိုင်ဖို့အတွက် သူမရဲ့ Facebook Account ကို ဧပြီလ (၁)ရက်နေ့မှာ စတင် အသုံးပြုခဲ့တာပဲဖြစ်ပါတယ်..။ လက်ရှိမှာ ဖြစ်ပွားပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ကြောင် သေဆုံးသူ ပြည်သူ (၃)ဦး ထိရှိခဲ့ပြီး ကူးစက်သေဆုံးခဲ့တဲ့ ပြည်သူ(၃)ဦးဟာလည်း ရောဂါအခံရှိခဲ့ကာ ကိုယ်ခံအားနည်းခြင်းကြောင့် တွန်းလှန်ဖို့ အားနည်းသွားတဲ့အကြောင်းကို အမေစုက ဒီနေ့ (၉)ရက်နေ့မှာတော့ “ကိုယ်ခံအား” ဆိုတဲ့ စာသားလေး ခုတလော ခဏခဏ ခေါင်းထဲ ရောက်လာ ပါတယ်။ COVID-19ကြောင့် ကျွန်မတို့ ပြည်သူ (၃)ဦး ဆုံးပါး သွား ရရှာ ပါပြီ။ ကွယ်လွန် သွားသူ (၃)ဦးလုံး ရောဂါအခံတွေရှိကြပါတယ်။ ဒါ့ကြောင့် COVID ကို တွန်းလှန်ဖို့ အားနည်း သွား ပါတယ်။ ကိုယ်ခံအား နည်းတယ် ဆိုတဲ့ သဘော ပါ။ ရောဂါအခံ ရှိသူတွေ၊ သက်ကြီး ရွယ်အိုတွေ ကိုယ်ခံအား နည်းတယ်လို့ သိနေကြမယ် လို့ ထင်ပါတယ်။

အနေအထိုင်၊ အစား အသောက် မဆင်ခြင်ရင် လည်း ကိုယ်ခံအား ကျနိုင်တယ် ဆိုတာ မမေ့ကြ ပါနဲ့။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ပြည်သူ တစ်ဦးချင်းဟာ နိုင်ငံ အတွက် တန်ဖိုး ရှိပါတယ်။ ပြည်သူတွေရဲ့ စုပေါင်း အင်အားက နိုင်ငံရဲ့ ကိုယ်ခံစွမ်းအား ပါဘဲ။ မနက်ဖြန် ကျွန်မတို့နိုင်ငံ တဝှမ်း ပုံမှန် ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစား ပြည်သူတွေ အတွက် စားနပ်ရိက္ခာ ကူညီဖြန့်ဖြူးတဲ့ အစီအစဉ် စပါမယ်။ တစ်ခါမျှ မ လုပ်ဖူးတဲ့ စီမံကိန်းကြီးမျိုးပါ။ သံမဏိချိန်းကြိုး တစ်ကြိုးရဲ့ အင်အားဟာ ကြိုးရဲ့အပျော့ဆုံးကွင်းရဲ့ အားလောက်သာရှိတယ် လို့ဆိုပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ ကိုယ် ခံ စွမ်းအားရဲ့အတိုင်းအတာကို၊ အားအနည်းဆုံးပြည်သူ တွေကို စောင့်ရှောက်နိုင်တဲ့အတိုင်းအတာကပြပါတယ်။ရိက္ခာ ဖြန့်ဖြူးရေးအစီအစဉ် အောင်မြင်ဖို့ ဝိုင်းဝန်း ကူညီ ပေး ကြပါ။ စေတနာဟာ ဝေဒနာ မဖြစ်ရအောင်၊ စည်းစနစ်နဲ့ လောဘ ဒေါသတွေကို ဟန့်တားပေးကြပါ။ လိုအပ်နေသူ မည်သူကိုမျှ မချန်ထား ပါဘူး။

စောင့်ရတာလေးတွေရှိရင် သည်းခံ စိတ်ရှည် ပေးကြပါ။ကျွန်မတို့ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို အားလုံးအတူ နိုင်ငံရဲ့ ကိုယ်ခံအား မွေးပြီး ကျော်လွှားကြရအောင်။ ဒီmessageကို အကြွားလေးနဲ့ အဆုံးသတ်ပါရစေ။ ကျွန်မ mask ချုပ်လို့ပြီးပါပြီ။အောက်မှာ ကြည့်ပါ။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အမေစုကတော့ သေဆုံးသွားတဲ့ ပြည်သူ(၃)ဦးအတွက် စိတ်မကောင်းဖြစ်ရပြီး ပြည်သူအတွက် ဧပြီလ (၁၀)ရက်နေ့ကနေ စတင်လုပ်ဆောင်တော့မယ့် စားနပ်ရိက္ခာ ကူညီဖြန့်ဖြူးတဲ့ အစီအစဉ်ကိုလည်း ပြည်သူတွေက ပါဝင်ကူညီလုပ်ဆောင်ကာ ကျော်လွှားကြဖို့ တိုက်တွန်းစကားဆိုလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာတိုက်တွန်းစကားလေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်..။
Source:Aung San Suu Kyi’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!