“အေကာင့္တုမ်ားစြာရွိေနၿပီး Blue Mark အမွတ္အသားပါ အေကာင့္သာလွ်င္ သူသံုးတဲ့ အေကာင့္စစ္ျဖစ္ေၾကာင္း အသိေပးလာတဲ့ ရန္ေအာင္”

အကယ္ဒမီမ်ားရွင္ မင္းသားႀကီး ရန္ေအာင္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွိးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ သဘာဝက်ၿပီး ကာရိုက္တာကို စိတ္ေရာ ကိုယ္ေရာ နွစ္ကာ သရုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ ျမတ္နိုးမႈေတြကိုေရာ ျမန္မာ့ ရုပ္ရွင္ အကယ္ဒမီထူးခၽြန္ဆုေတြကို ရရွိပိုင္ဆိုင္ထားသူပဲျဖစ္ပါတယ္..။ အနုပညာနဲ႕ ပတ္သက္ရင္ ရူးသြပ္ၿပီး အကုန္လံုးကို တတ္ကၽြမ္းေအာင္ ႀကိဳးစားလုပ္ေဆာင္ သင္ယူတတ္သူပါ..။

 

 

လက္ရွိ အခ်ိန္ထိ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို သီခ်င္းေတြကိုလည္း ဆိုကာ ေပ်ာ္ရႊင္ေအးခ်မ္းစြာ ဘဝကို ျဖတ္သန္းေနတဲ့သူပဲျဖစ္ပါတယ္..။ ဒီေန႕ဧၿပီလ (၉)ရက္ေန႕ မွာေတာ့ ရန္ေအာင္က အျပာေရာင္ အမွန္ျခစ္ေလးပါတဲ့ အေကာင့္တစ္ခုထဲကသာ သူသံုးတဲ့ အေကာင့္အစစ္ျဖစ္ေၾကာင္းကို “ခ်စ္သူခင္သူျမတ္ႏိူးသူမ်ား ခင္ဗ်ာ..။ ကၽြန္ေတာ့္ အေကာင့္ႏွင့္ ဆင္တူ႐ိုးမွား႐ုံတင္ မက ထပ္တူထပ္မွ် တုပျပဳလုပ္ထားေသာ အေကာင့္တုမ်ား မ်ားစြာ ရွိေနသည္ကို ခ်စ္ခင္ၾကေသာ ပရိသတ္မ်ားက အသိ/သတိ ေပးၾကသျဖင့္ ကၽြန္ေတာ္ ျမင္ၾကားသိရွိ ရပါသည္…။ ထိုအေကာင့္တုမ်ားမွ ကၽြန္ေတာ္ကဲ့သို႔ ဟန္ေဆာင္ၿပီး ခ်စ္ပရိသတ္မ်ားကို လိမ္လည္ျခင္းမ်ား ကၽြန္ေတာ္၏ ဂုဏ္သိကၡာကို ထိပါးေစေသာ အေျပာအဆို အေရးအသားမ်ား ျပဳလုပ္မည္ကို အထူးစိုးရိမ္မိပါသည္…။

 

 

ထို႔ေၾကာင့္ ခ်စ္သူခင္သူ ျမတ္ႏိုးသူမ်ားကို အသိေပးလိုသည္မွာ ကၽြန္ေတာ္၏ အေကာင့္ အစစ္အမွန္တြင္ အမည္၏ ေနာက္၌ ေဖ့ဘုတ္မွ အသိအမွတ္ျပဳထားေသာ အျပာေရာင္ အမွန္ျခစ္ကေလး ပါမွ က်ေနာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ရန္ေအာင္၏ အေကာင့္အစစ္ ျဖစ္ပါေၾကာင္း.။ ေက်းဇူးတင္ပါတယ္ခင္ဗ်ာ” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္..။ အေကာင့္တုမ်ားစြာ ရွိေနတာကို သိရၿပီး မွားယြင္းတဲ့ ကိစၥေလးေတြျဖစ္မွာစိုးလို႕ အျပာေရာင္အမွန္ျခစ္ပါတဲ့ အေကာင့္သာ အစစ္ျဖစ္ေၾကာင္းကို အသိေပးတင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း မင္းသားႀကီး ရန္ေအာင္ရဲ႕ အေကာင့္အစစ္ပံုရိပ္ေလးကိုလည္း အမွားအမွန္သိေအာင္ အသိေပး ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source: Yan Aung’s Facebook

Sakura(Cele Connnections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အကောင့်တုများစွာရှိနေပြီး Blue Mark အမှတ်အသားပါ အကောင့်သာလျှင် သူသုံးတဲ့ အကောင့်စစ်ဖြစ်ကြောင်း အသိပေးလာတဲ့ ရန်အောင်”

အကယ်ဒမီများရှင် မင်းသားကြီး ရန်အောင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှိးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သဘာဝကျပြီး ကာရိုက်တာကို စိတ်ရော ကိုယ်ရော နှစ်ကာ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင် မြတ်နိုးမှုတွေကိုရော မြန်မာ့ ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်..။ အနုပညာနဲ့ ပတ်သက်ရင် ရူးသွပ်ပြီး အကုန်လုံးကို တတ်ကျွမ်းအောင် ကြိုးစားလုပ်ဆောင် သင်ယူတတ်သူပါ..။

လက်ရှိ အချိန်ထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သီချင်းတွေကိုလည်း ဆိုကာ ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။ ဒီနေ့ဧပြီလ (၉)ရက်နေ့ မှာတော့ ရန်အောင်က အပြာရောင် အမှန်ခြစ်လေးပါတဲ့ အကောင့်တစ်ခုထဲကသာ သူသုံးတဲ့ အကောင့်အစစ်ဖြစ်ကြောင်းကို “ချစ်သူခင်သူမြတ်နိူးသူများ ခင်ဗျာ..။ ကျွန်တော့် အကောင့်နှင့် ဆင်တူရိုးမှားရုံတင် မက ထပ်တူထပ်မျှ တုပပြုလုပ်ထားသော အကောင့်တုများ များစွာ ရှိနေသည်ကို ချစ်ခင်ကြသော ပရိသတ်များက အသိ/သတိ ပေးကြသဖြင့် ကျွန်တော် မြင်ကြားသိရှိ ရပါသည်…။ ထိုအကောင့်တုများမှ ကျွန်တော်ကဲ့သို့ ဟန်ဆောင်ပြီး ချစ်ပရိသတ်များကို လိမ်လည်ခြင်းများ ကျွန်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော အပြောအဆို အရေးအသားများ ပြုလုပ်မည်ကို အထူးစိုးရိမ်မိပါသည်…။

ထို့ကြောင့် ချစ်သူခင်သူ မြတ်နိုးသူများကို အသိပေးလိုသည်မှာ ကျွန်တော်၏ အကောင့် အစစ်အမှန်တွင် အမည်၏ နောက်၌ ဖေ့ဘုတ်မှ အသိအမှတ်ပြုထားသော အပြာရောင် အမှန်ခြစ်ကလေး ပါမှ ကျနော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ အကောင့်အစစ် ဖြစ်ပါကြောင်း.။ ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အကောင့်တုများစွာ ရှိနေတာကို သိရပြီး မှားယွင်းတဲ့ ကိစ္စလေးတွေဖြစ်မှာစိုးလို့ အပြာရောင်အမှန်ခြစ်ပါတဲ့ အကောင့်သာ အစစ်ဖြစ်ကြောင်းကို အသိပေးတင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မင်းသားကြီး ရန်အောင်ရဲ့ အကောင့်အစစ်ပုံရိပ်လေးကိုလည်း အမှားအမှန်သိအောင် အသိပေး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source: Yan Aung’s Facebook

Sakura(Cele Connnections)

error: Alert: Content is protected !!