“အိမ္မွာရွိတဲ့သရက္ပင္က သရက္သီးခူးကာ ကေလးေလးတစ္ေယာက္လို ေပ်ာ္ရႊင္ေနတဲ့ စိုးျပည့္သဇင္”

ကာရိုက္တာတိုင္းကို ပီျပင္ေအာင္သရုပ္ေဆာင္နိုင္တဲ့ အကယ္ဒမီမင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရရွိေနတဲ့ စိုးျပည့္ေလးကေတာ့ မိဘနွစ္ပါးရဲ႕ ေလာင္းရိပ္ေအာက္မွာ အနုပညာအလုပ္ေတြကို လုပ္ရင္း ေပ်ာ္ရႊင္ ေအးခ်မ္းစြာ ဘဝကို ျဖတ္သန္းေနသူပဲျဖစ္ပါတယ္..။ အနုပညာနဲ႕ပတ္သက္ရင္ အဆိုပိုင္းမွာေရာ သရုပ္ေဆာင္ပိုင္းမွာပါ ေတာ္ၿပီး ကၽြမ္းက်င္တဲ့သူလို႕ ေျပာရင္မွားမယ္   မထင္ပါဘူးေနာ္..။

 

 

 

စိုးျပည့္ေလးက က်န္းမာေရးလမ္းညႊန္ခ်က္ေတြကို လိုက္နာရင္း အိမ္မွာပဲ ေနထုိင္ေနေၾကာင္းကို ဒီေန႕ ဧၿပီလ (၉)ရက္ေန႕မွာ “လိမ္လိမ္မာမာေလးstay homeေနပါတယ္ရွင္..” ဆုိၿပီး သူမရဲ႕ပံုရိပ္ေလးေတြနဲ႕အတူ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ စိုးျပည့္ေလးကေတာ့ ပံုေလးေတြထဲမွာ အိမ္မွာရွိတဲ့ သရက္ပင္က သရက္သီးေတြကို ခူးကာ ကေလးေလးတစ္ေယာက္လို ရယ္ေမာေနတဲ့ ပံုရိပ္ေလးေတြပဲျဖစ္ပါတယ္ေနာ္..။

 

 

 

အိမ္မွာေနရင္း မိသားစုနဲ႕ အခ်ိန္ေပးကာ ေပ်ာ္ရႊင္စြာ ကေလးေလးတစ္ေယာက္လို ျပံဳးေပ်ာ္ေနတဲ့ စိုးျပည့္ေလးကေတာ့ ခ်စ္ဖုိ႕ေကာင္းလြန္းပါတယ္ေနာ္ ပရိသတ္ႀကီးေရ..။Cele Connections ပရိသတ္ႀကီးအတြက္ စိုးျပည့္ေလးရဲ႕ ကေလးေလးတစ္ေယာက္လို ခ်စ္ဖုိ႕ေကာင္းေနတဲ့ ပံုရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္..။ ပရိသတ္ႀကီးလည္း ခ်စ္ဖုိ႕ေကာင္းလြန္းတဲ့ စိုးျပည့္သဇင္ေလးကို ခ်စ္ရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္..။
Source: Soe Pyae Thazin’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“အိမ်မှာရှိတဲ့သရက်ပင်က သရက်သီးခူးကာ ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ စိုးပြည့်သဇင်”

ကာရိုက်တာတိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိနေတဲ့ စိုးပြည့်လေးကတော့ မိဘနှစ်ပါးရဲ့ လောင်းရိပ်အောက်မှာ အနုပညာအလုပ်တွေကို လုပ်ရင်း ပျော်ရွှင် အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေသူပဲဖြစ်ပါတယ်..။ အနုပညာနဲ့ပတ်သက်ရင် အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ တော်ပြီး ကျွမ်းကျင်တဲ့သူလို့ ပြောရင်မှားမယ် မထင်ပါဘူးနော်..။

 

 

စိုးပြည့်လေးက ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာရင်း အိမ်မှာပဲ နေထိုင်နေကြောင်းကို ဒီနေ့ ဧပြီလ (၉)ရက်နေ့မှာ “လိမ်လိမ်မာမာလေးstay homeနေပါတယ်ရှင်..” ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ စိုးပြည့်လေးကတော့ ပုံလေးတွေထဲမှာ အိမ်မှာရှိတဲ့ သရက်ပင်က သရက်သီးတွေကို ခူးကာ ကလေးလေးတစ်ယောက်လို ရယ်မောနေတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်နော်..။

အိမ်မှာနေရင်း မိသားစုနဲ့ အချိန်ပေးကာ ပျော်ရွှင်စွာ ကလေးလေးတစ်ယောက်လို ပြုံးပျော်နေတဲ့ စိုးပြည့်လေးကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီးရေ..။Cele Connections ပရိသတ်ကြီးအတွက် စိုးပြည့်လေးရဲ့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ချစ်ဖို့ကောင်းလွန်းတဲ့ စိုးပြည့်သဇင်လေးကို ချစ်ရင် မှတ်ချက်လေးတွေ   ရေးပေးခဲ့ကြပါဦးနော်..။
Source: Soe Pyae Thazin’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!