

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အိမ်နီးနားတစ်ဝိုက်က အနှေးယာဉ်လုပ်သားများနဲ့ အခြေခံလူတန်းစားများအတွက် ဆန်နဲ့ဆီ များ လှူဒါန်းခဲ့တဲ့ နက်ရှိုင်းကို “

“နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲထဲက အောင်အောင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ နက်ရှိုင်းကို ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို “အောင်အောင်” ကာရိုက်တာလေးနဲ့အတူ သိမ်းပိုက်ရရှိခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်..။

လက်ရှိမှာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ရိုက်ကူးရေးတွေ အနားယူနေရပြီးဒီနေ့ ဧပြီလ (၉)ရက်နေ့မှာ နက်ရှိုင်းကိုက ဧပြီလ (၁၀)ရက်နေ့ကနေ စတင်ကာ အိမ်ပြင်ထွှက်ခွင့်မရတော့တာကြောင့် အခက်အခဲဖြစ်ရတော့မယ့် အနှေးယာဉ်လုပ်သားများနဲ့ အခြေခံလူတန်းစားတွေအတွက် တတ်နိုင်သလောက် အလှူလေး ပြုလုပ်ခဲ့တဲ့ အကြောင်းကို “Lock Down တွေလည်း ချတော့မှာဆိုတော့ ကျွန်တော်တို့ ‘Stay Home’ နိုင်ပေမယ့် ‘Stay မ Home’ နိုင်တဲ့ လူသားတွေ အများကြီးရှိပါသေးတယ်.။ အိမ်အနီးတစ်ဝိုက်’အနှေးယာဉ်မောင်း လုပ်သားများနဲ့ အခြေခံလူတန်းစားများ’ အတွက် ဆန်နဲ့ဆီ များ တတ်နိုင်သလောက် အလှူပြုပေးခဲ့ပါတယ်။

အားလုံးကျန်းမာကြပါစေဗျာ..AgAg” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ နက်ရှိုင်းလေးကတော့ အိမ်နီးနားတစ်ဝိုက်က Lock Down ချရင် အဆင်မပြေ ဖြစ်ရတော့မယ့် အခြေခံလူတန်းစားတွေအတွက် တတ်နိုင်သလောက် ဆန်နဲ့ဆီတွေကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း နက်ရှိုင်းကိုရဲ့ တစ်နိုင်တစ်ပိုင် အလှူလေးအတွက် သာဓု ခေါ်ဆိုသွားကြပါဦးနော်..။
Source: Nattshine Ko’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!