

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အသက်(၈၅)နှစ်ရှိပြီဖြစ်တဲ့ ဖခင်ကို ကိုယ်တိုင်ခေါင်းလျှော်ပေးကာ ပြုစုပေးနေတဲ့ ထက်ထက်မိုးဦး”

တစ်ခေတ်တစ်ခါရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ ကြော်ငြာဘုရင်မလို့ တင်စားရတဲ့ ကြော်ငြာပေးလိုက်တဲ့ ကုန်ပစ္စည်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ တွေ့ကာ ရောင်းအားအကောင်းဆုံးတွေ ဖြစ်သွားခဲ့အောင်ကို အောင်မြင်ကျော်ကြားခဲ့တဲ့သူပဲဖြစ်ပါတယ်..။ ထက်ထက်က လက်ရှိမှာလည်း ကျန်းမာရေးကြောင့် ကားရိုက်ကျဲနေပေမယ့် အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲပါ..။

အခုလက်ရှိ ဗိုင်းရပ်စ်ပိုးတွေကြောင့် အိမ်မှာပဲနေရတဲ့ အခိုက်အတန့်လေးမှာ ချစ်ရတဲ့ ဖခင်ရှိရာ မိုးကုတ်အိမ်မှာ သွားနေထိုင်နေတာပဲဖြစ်ပါတယ်..။ ဖခင်နဲ့နေရတဲ့ အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖခင်ကို သားသမီးဝတ္တရားတွေနဲ့အညီ ပြုစုစောင့်ရှောက်ပေးနေတဲ့ ပုံရိပ်လေးတွေကို ထက်ထက် ဒီနေ့ ဧပြီလ (၉)ရက်နေ့မှာ “အဖေ့ကို ခေါင်းလျှော်ပေးနေတာ..။ အဖေ့အသက် (85)နှစ် သမီးလာမှပဲ အလျှော်ခံတာတဲ့ ဂျီးတွေများကြီးပဲ သနားပါတယ်” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အသက်(၈၅)နှစ်ရှိပြီဖြစ်တဲ့ ဖခင်အတွက် ကိုယ်တိုင် ခေါင်းလျှော်ပေးနေရလို့ ထက်ထက်လေးကတော့ ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ဖခင်ဖြစ်သူကို ကိုယ်တိုင် ခေါင်းလျှော်ပေးကာ ပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦးရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ထက်ထက်လေးကို ချစ်ခင် အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်..။
Source: Htet Htet Moe Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!