

 

 


 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အလှပြင်တိုင်းကြာတယ်ပြောတတ်တဲ့ ခင်ပွန်းကို မိတ်ကပ်လိမ်းခိုင်းပြီး ပညာပြခဲ့တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ.. စမိုင်းလ်နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ကတော့ စိတ်တူကိုယ်တူနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံက အလှူတွေကိုလည်း အတူတူလုပ်ကိုင်လေ့ရှိသလို တစ်ယောက်နဲ့တစ်ယောက် စိတ်ချမ်းသာ၊ ပျော်ရွှင်အောင် ဖန်တီးပေးလေ့ရှိကြတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း စမိုင်းလ်က အလှပြင်တိုင်းကြာတယ်လို့ပြောတဲ့ ခင်ပွန်းကို အလှပြင်ခိုင်းပြီး Live လွှင့်ခဲ့ပါတယ်။ စမိုင်းလ်က “အလှပြင်လို့ကြာရင်အမြဲပြောတဲ့ယောကျာ်း မိတ်ကပ်ပြင်တာလွယ်သလားစမ်းခိုင်းကြည့်” ဆိုပြီး သူမရဲ့ ပရိသတ်တွေကိုပါ စမ်းသပ်ခိုင်းခဲ့ပါတယ်။

စမိုင်းလ်ရဲ့ခင်ပွန်း ကိုပြည့်မောင်ကတော့ အလှပြင်တာ လွယ်တဲ့ကိစ္စမဟုတ်မှန်း သိသွားလောက်ပြီ ထင်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ မြင်ကွင်းလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!