Source: Daung Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
အနုပညာရှင်တွေ အတွင်းရေးကို လိုက်ဖွတဲ့ အကောင့်ပိုင်ရှင် နောက်ကြောင်းကို ဖွင့်ချလိုက်တဲ့ ဒေါင်းဝေ
အနုပညာရှင်တွေရဲ့ အတွင်းရေးကိစ္စတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖြန့်ဝေတဲ့ Han Nyein Oo အကောင့်ပိုင်ရှင်ကို သိကြမယ် ထင်ပါတယ်။ လက်တလောနာမည်ကြီးနေတဲ့ မင်းရာဇာအမှုနဲ့ပတ်သက်ပြီး အသံဖိုင်တွေကို လူသိရှင်ကြားဖြန့်ဝေပြီး အိမ်အကူအမျိုးသမီးကို နှမချင်းမစာနာပြောဆိုတာကြောင့် လူတွေရဲ့ အာရုံစိုက်ခြင်းခံနေရတဲ့ Han Nyein Oo အကောင့်ပိုင်ရှင် သရုပ်ဆောင် ဒေါင်းဝေက အခုလိုပဲ ဖွင့်ချလာပါတယ်။
“မင်းလိုကောင်က အနုပညာရှင်တွေအကုန်သတိထားတဲ့ ရီရတယ်။ အေးလွတ်အောင်ပြေး။ တောင်ကြီး လဝကနဲ့ ကညန မှာငါ့အပေါင်းသင်းတွေဒုနဲ့ဒေးရှိတယ်။ အဲ့၂ခုနဲ့ တိုက်စစ်ပြီးလိုက်ရင် မင်းမလွတ်ဘူး။ သိဖို့။ အခု မင်းရာဇာ ကိစ္စမှာ တော်ပီလေတင်ပီးသားတစ်ခုနဲ့တင်။ မအေ နှမ မစာမနာ အပိုင်း ၃ ဆိုပြီး သတင်းအမှန်မဟုတ်ပါဘူး ဆိုပီးဖင်ပိတ်ငြင်းတယ်။”
“ကိုယ့်အကောင့်ပေါ်ပြူလာဖြစ်ဖို့ သူများအတွင်းကိစ္စ မဟုတ်မဟက် live တောင်ထက်လွှင့်ပီးဖင်ပိတ်တက်ငြင်းတယ်။ ခုတော့မင်းကြောင့် အိမ်ဖော်မလေးဘဝရစရာမရှိထပ်ပျက်ပြီ။ ပြေးစမ်းမင်လွတ်အောင်။ မင်းနေရပ်သိရင် မင်းမိဘပါတရားဆွဲလို့ရတယ် နားလည်လား။ မှတ်ပုံတင် နဲ့ ကားလိုင်စင် အဲ့လိုဖျက်တင်ထားလဲလိုက်လို့လွယ်တယ်ဆိုတာမသိတဲ့ ငတုန်းကောင်” ဆိုပြီး ပြောထားပါတယ်။
ဒေါင်းဝေကတော့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ပီပီ အနုပညာရှင်တွေရဲ့ အတွင်းသတင်းကို လိုက်လံဖော်ထုတ်နေတဲ့ အကောင့်ပိုင်ရှင်အကြောင်းကို ဖော်ထုတ်လာတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Daung Wai’s fb
Bilie – Cele Connections
error: Alert: Content is protected !!