

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်ဖက်ရှင် ဆံပင်ကေအသစ်လေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ မြင့်မြတ်သားလေးမြတ်သူ”

ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်ကောင်းတဲ့ မင်းသးမြင့်မြတ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အလွမ်း၊ အကြမ်း၊ ဟာသ ဘယ်လိုလာလာ ပရိသတ်တွေကို သဘောကျနှစ်သက်သွားအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်..။ မြင့်မြတ်က ပရိသတ်တွေပေးတဲ့ ရင်ထဲက အကယ်ဒမီဆုကိုရော ၊ မြန်မာ့ရုပ်ရှင်လောကကနေ အသိအမှတ်ပြုတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိထားတဲ့သူပါ..။

လက်ရှိ ဗိုင်းရပ်စ်ပိုးကြောင့် လိုအပ်နေတဲ့ နေရာတွေအတွက်ကိုလည်း ရှေ့ဆောင်လှူဒါန်းနေတာပဲဖြစ်ပါတယ်..။ ချောမောတဲ့ ဇနီးနဲ့ ချစ်စရာကောင်းတဲ့ သားလေးမြတ်သူနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ဇနီးဖြစ်သူက နောက်ထပ် ရင်သွေးလေးကို လွယ်ထားတယ်လို့ လည်း သိရပါတယ်နော်…။ တစ်နေ့တစ်ခြားချစ်ဖို့ကောင်းလာတဲ့ သားလေးမြတ်သူလေးကိုလည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ..။ ဒီနေ့ ဧပြီလ (၉)ရက်နေ့မှာတော့ မြင့်မြတ် မန်နေဂျာဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ သားလေးမြတ်သူရဲ့ ပုံရိပ်လေးတွေကို “Now ဘိုကေအသစ်နဲ့ ..ချစ်တုန်းကြီးမြတ်သူ” ဆိုပြီး တင်လာခဲ့ပါတယ်..။

ကေအသစ်နဲ့ အပြတ်လန်းနေတဲ့ သားလေးမြတ်သူကတော့ ဖေဖေမြင့်မြတ်လို့ ကြည့်ကောင်းပြီး ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မြင့်မြတ်သားလေး မြတ်သူရဲ့ ကေအသစ်နဲ့ ချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source: Myat Wai Tun’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!